ညောင်ဦး အောက်တိုဘာ ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်မှစတင်ပြီး တတိယအသုတ် ပထမနေ့တွင် သတ်မှတ်စုရပ်အသီးသီး၌ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများထိုးနှံပေး လျက်ရှိကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနန်းတင့်ထံက သိရသည်။
ညောင်ဦးမြို့နယ်၌ တတိယအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းအား ညောင်ဦးမြို့၊ ရွှေစည်းခုံစေတီတော်ကြီး ဝတ္တက နယ်မြေ ဝေဇယန္တာဗိမ္ဗာန်တော်ကြီးတွင်လည်းကောင်း၊ ပုဂံမြို့အခြေခံပညာအထန်းတန်းကျောင်းတွင်လည်းကောင်း၊ ငါ့သရောက်မြို့ တိုက်နယ်ပြည်သူ့ဆေးရုံကြီးနှင့်တောင်ဇင်း အခြေခံပညာအထက်တန်းကျောင်းတို့တွင်စတင်ထိုးနှံ ပေးလျက် ရှိကြောင်းသိရပြီး ညောင်ဦးမြို့နယ်တွင် တတိယအကြိမ် ကိုဗစ်-၁၉ရောဂါကြို တင်ကာကွယ်ဆေးခွဲတမ်း ၅၆၆၆ လုံးရရှိပြီး လူဦးရေ ၂၈၃၃၀ဦးထိုးနှံပေးနိုင်မည်ဖြစ် ကြောင်းသိရသည်။ ပသထမအကြိမ်ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ဆေးထိုးပေးခြင်း အား အသက် ၆၅နှစ်အထက်အဘိုးအဘွားများ၊ ရဟန်း/သံဃာများ၊နိုင်ငံ့ဝန်ထမ်းများကို ထိုးနှံပေးနိုင်ခဲ့ပြီး၊ တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေးထိုးခြင်းအား အသက် ၄၀နှစ်မှ ၅၉နှစ် အတွင်းနှင့်အသက် ၆၀ နှစ်မှအသက် ၆၉နှစ်အထက်သက်ကြီး အဘိုးအဘွားများအား ကာကွယ်ဆေးများထိုးနှံပေး လျက် ရှိကြောင်း သိရကာအောက်တိုဘာ ၁၅ရက်မှစတင်ပြီး တတိယသုတ် ပထမနေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံ ပေးလျှက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်လုံးထိုးနှံပြီးသူ ၄၁၄၉၁ ဦးထိုးနှံပေးပြီးဖြစ်ကြောင်းလည်း သိရသည်။
ကိုထိန်(ကျောက်ပန်းတောင်း)