မြို့သစ် အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအ သုတ် (ပထမအကြိမ်) ထိုးနှံပြီးသည့်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဒုတိယ အကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ( ၉ )နာရီအချိန်ကစတင်၍ နေရာခွဲကာ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် ပြည်သူများ အဆင် ပြေ ချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ၊မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များ ၊ ပညာရေးဝန်ထမ်းများနှင့် Volunteer အဖွဲ့ဝင်များပူးပေါင်း၍ မြို့သစ် အထက (၁) ၊ နင်းကြမ်းတိုက်နယ်ဆေးရုံ ၊ ဝါးကြီးအိုင် တိုက်နယ်ဆေးရုံ ၊ ဒန့်ဒလွန်ပင်တိုက်နယ်ဆေးရုံ၊ ဘော့ကျေးရွာ ၊ ဇီးလုံးကျေးရွာ ၊ ရွှေပန်းကျေးရွာ၊ မကြီးထူးကျေးလက်ကျန်းမာရေး ၊ ဂွေ့ကြီး အထက ၊ တပ်ကုန်း အမက ၊ အင်းရွာကြီး အလက၊ ရေ ပြည့်ကျေးရွာအုပ်စု နတ်ရွာ အမက ၊ ထန်းတပင် အထကခွဲ ၊ ဆည်လည်ကျေးရွာအုပ်စု မထွဲကျေး လက်ကျန်းမာရေး၊ မြေပြင်သာကျေးရွာအုပ်စု အောင်ချမ်းသာ အမက ၊ဆူးတပ်ကြီးကျေးရွာ ရွာလယ် ဓမ္မာရုံ ၊ လေးတိုင်စင်ဘုန်းကြီးကျောင်း ၊ ထောက်ရှာတန်းဘုန်းကြီးကျောင်း ၊ တလုပ်ပင် အလက၊ နွားလှကျေးရွာအုပ်စု သပြေပင်ကျေးရွာ ၊ ပုတီးကုန်းကျေးရွာအုပ်စု သီးကုန်းကျေးရွာ ၊ လဲလူကျေး ရွာ၊ ပုလင်းကြီးအုပ်စု သီးပင် ကျေးရွာစသည့် စုရပ်များတွင် နေရာခွဲကာ ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုစနစ်တကျ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို မြို့ သစ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( ပထမ )အကြိမ် ထိုးနှံ့ပြီးသည့် ပြည်သူ (၁၀၄၀၅)ဦးအား ထိုးနှံပေခြင်းဖြစ်ပြီး မြို့သစ်မြို့နယ်တွင် အောက်တိုဘာ (၁၃)ရက်နေ့ နံနက်( ၉) နာရီမှအောက်တိုဘာ(၂၃)ရက်နေ့ အထိမြို့သစ်မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်များ၌ သတ်မှတ်စည်း ကမ်းချက်များနှင့်အညီ ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။
သန်းဝင်းထွန်း