မောက်မယ် အောက်တိုဘာ၁၅
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်တွင် မသန်စွမ်းသူများ၏ နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး ၊ ပညာရေး ၊ အလုပ်အကိုင်ရရှိမှုစသည့် ဥပဒေပါအခွင့်အရေးများ အားလုံးသိရှိနားလည်စေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းရုံးတို့မှ ပူးပေါင်းပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေးTalk Showဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ တွင်ကျင်းပခဲ့သည်။
အဆိုပါမသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာန ၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှဦးစီးမှူး ဒေါ်ချိုချိုလွင် နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမိုခမ်းတို့ ဆွေးနွေးရာတွင် မသန်စွမ်းသူဆိုသည်မှာ အမြင်အာရုံ မသန်စွမ်းသူ ၊ အကြားအာရုံမသန်စွမ်းသူ ၊ ဉာဏ်ရည်မသန်စွမ်းသူ ၊ ကိုယ်အင်္ဂါမသန်စွမ်းသူများ အတွက်ထည့်သွင်း စဉ်းစားသင့်သည့် အချက်များ ၊ မသန်စွမ်းသူများ၏ပြည်သူ့ရေးရာ နယ်ပယ်များ တွင်ပါဝင်ဆောင်ရွက်ခွင့်များ ၊ အလုပ်အကိုင်ရရှိမှု ၊ မသန်စွမ်းသူများကိုမသန်စွမ်းမှု အကြောင်းပြု၍ ခွဲခြားဆက်ဆံခြင်းများ ၊ အနိုင်အထက်ပြုခြင်းများအပေါ် ကာကွယ်ပေးရမည့်ဥပဒေများစသည့် အကြောင်း အရာများအား အကျယ်တဝင့်ဆွေးနွေးခဲ့ ကြောင်းသိရသည်။ ၊
စိုင်းမျိုးသန့်( မောက်မယ်)