ပေါင်မြို့နယ်တွင် ဝါဆို-ဝါကပ်တော်မူကြသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ပေါင်   အောက်တိုဘာ ၁၅

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ဝါဆို-ဝါကပ်တော်မူကြသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီ က ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရှုခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပေါင်မြို့နယ်သံဃာ့နာယက ဒုတိယ ဥက္ကဋ္ဌ ဘုရားကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒေါဘာသထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်းက ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းရခြင်းအကြောင်းနှင့် သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့်အဖွဲ့ဝင်များ၊ အလှူရှင် ပြည်သူ များက လှူဖွယ်ပစ္စည်းများအား ဆရာတော်အရှင်သူမြတ်များထံ ဆပ်ကပ်လှူဒါန်းကြပြီး ပေါင်မြို့နယ် သံဃာ့နာယက ဒုတိယဥက္ကဋ္ဌ ဘုရားကြီးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒေါဘာသမှ ပေါင်မြို့နယ် အတွင်းရှိ မြို့သူ/မြို့သားများ စုပေါင်းလှူဒါန်းမှုအား ရေစက်ချ အနုမောဓနာတရား ချီးမြှင့်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ()ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ဝါဆို-ဝါကပ်တော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန် တော်လောင်းလှူပွဲကြီးကို  နှစ်စဉ်စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယခုနှစ်အတွင်း ကိုဗစ်-၁၉ ကာလဖြစ်သည်နှင့်အညီ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ မြို့သူ/မြို့သားများမှ စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး ပေါင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း တိုက်ပေါင်း (၃၈၀) ကျောင်းသို့ တစ်ကျောင်းလျှင် ဆန် ()အိမ်၊ ဆီ ()ပုံ၊ ပဲ()ပိဿာ၊ ကြက်သွန် ()ပိဿာ၊ ဆား()ပိဿာ တို့အား ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးမှတဆင့် ပေးပို့လှူဒါန်း သွားမည်ဖြစ်ပြီး လှူဖွယ်ဝတ္တုပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးငွေမှာ ကျပ်သိန်း (၄၀၀)ကျော် ဖြစ်ကြောင်း  သိရသည်။

 ဝဏ္ဏမောင်