ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း ၂၀၀ ကျော်ဖြင့် ကျေးလက်လမ်း သုံးလမ်း အဆင့်မြှင့်တင်ခြင်းနှင့် ရေကျော်တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ၇၀ ရာခိုင်နှုန်းပြီးစီး

မိတ္ထီလာမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သန်း ၂၀၀ ကျော်ဖြင့် ကျေးလက်လမ်း သုံးလမ်း အဆင့်မြှင့်တင်ခြင်းနှင့် ရေကျော်တစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက် လမ်းဖွံ့ ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ကော့ကရိတ်မြို့၌ ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိသည့် လမ်းသွားလမ်းလာ ပြည်သူများအား RTD ဖြင့် ကိုဗစ် - ၁၉ ရောဂါ ရှိ / မရှိစစ်ဆေး

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကော့ကရိတ်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်၊ ကော်မတီ အဖွဲ့ဝင်များဖြစ်သည့်

မလှိုင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၉၄၇)ဦး ဆောင်ရွက် ပေးနိုင်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ၊ အိမ်ထောင်စု လူဦးရေ စာရင်းများကို ကွင်းဆင်း ၍ ၎င်း ၊ ရုံးသို့ခေါ်ယူ၍ ၎င်း ဆောင်ရွက် ပေးလျှက်ရှိရာ ယမန်နေ့က ပန်းအိုင်ကျေး ရွာအုပ်စုအတွင်းမှ နိုင်ငံသား ကတ်မရရှိသေးသူများ ကို မြို့နယ်ရုံးသို့ ခေါ်ယူ၍ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည် ။

မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ် လုပ်အားကြေးမုံခန်းမနှင့် ကျေးလက်ကျန်းမာရေး ဌာန စုရပ်နေရာများ၌ စက်တင်ဘာ (၂၄) ရက် နေ့မှစ၍ နေ့စဉ် နံနက် (၉) နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့နယ် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပေးအပ်ပွဲ အခမ်းအနား တက်ရောက်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါလျက် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အ.က.က (သဲဖြူ)ကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက "ပန်းခင်း" စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပေးအပ်ပွဲအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာနှင့်ပိုးကရင်ဘာသာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့်ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက် ပိုင်းက ဆောင်ရွက်ခဲ့ သည်။

တကောင်းမြို့တွင် ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး

မန္တလေးတိုင်းဒေကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့ရှိ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ မကျီးကုန်းကျေးရွာနှင့် ကျောက်အိုက်ကျေးရွာရှိ အသက်(၁၈)နှစ် နှင့်အထက် ဒေသခံပြည်သူများအား သတ်မှတ် စုရပ်များတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်မှုကြောင့် ငါ့သရောက်မြို့ မြနန္ဒာကန်တော်ကြီးတွင် မိုးရေများစွာဝင်ရောက် ဒေသခံပြည်သူများအတွက် မိုးလွန် ကာလများအထိ သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့၌ ယခုနှစ် အောက်တိုဘာလအတွင်း မိုးရွာသွန်းမှု များပြားသဖြင့် မြနန္ဒာ ကန်တော်ကြီးတွင် ရေအပြည့်ဝင်ရောက်ခဲ့ရာ၊ အနီးဝန်းကျင် ဒေသခံပြည်သူများအတွက် မိုးလွန်ကာလများအ ထိ သောက်သုံးရေ လုံလောက်စွာ သုံးစွဲ နိုင်ကြတော့မည်ဖြစ်ကြောင်း သိရသည်။

ကလိန်အောင်မြို့တွင် အသက် (၄၀)နှစ်နှင့်အထက်ပြည်သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ အသက်(၄၀) နှစ်နှင့် အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိနေသော ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်(၉)နာရီအချိန်ခန့်တွင် က-ထ-က၊ ကလိန်အောင်ကျောင်းခန်းမ၌ စနစ်တကျထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to