မိုးနဲမြို့၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေး အသိပညာပေးလက်ကမ်းစာစောင်းများ အခမဲ့ဖြန့်ဝေ

မိုးနဲ  အောက်တိုဘာ   ၁၅

နိုင်ငံတော်၏အစီအစဉ်ဖြင့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ အသက်(၁၂)နှစ် အထက် ကျောင်းသား/ ကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေး စေရေးအတွက် ကာကွယ်ဆေးထိုးနှံ ပေးမည့်အစီအစဉ် အားပြည်သူများကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရန်ရည်ရွယ်၍ ကာကွယ်ဆေးလွှမ်းခြုံ အပ်သော အနာဂတ်ပန်းခင်းများ အသိပညာလက်ကမ်းစာစောင်း ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်က နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်တောင်စုလမ်း ၊နမ့်မော်ဆွမ့်ကျေးရွာအုပ်စု ၊ စိန်တောင်ဘုန်း တော်ကြီးကျောင်း ရှေ့တွင်း ပူးပေါင်းအဖွဲ့ဝင်များက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးလွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများ လက်ကမ်းစာစောင်တွင် အသက် ၁၂ နှစ် ပြည့်ပြီး ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် စာရင်း ၊ကာကွယ် ဆေးထိုးနှံပေးမည့်စုရပ်များ ၊ကာကွယ်ဆေး ထိုးရာတွင် ရရှိသောကောင်းကျိုးများ ၊ကာကွယ်ဆေး၏ သာမန် နောက်ဆက်တွဲ ပြဿနာများ ၊ကာကွယ်ဆေးထိုးနှံရန် သင့်/မသင့် ရောဂါအခံရှိသူများ ကျန်းမာရေးဝန်ထမ်း များနှင့် တိုင်ပင်ဆွေးနွေး အကြံအဉာဏ်ယူနိုင်ရန် အချက်များ စသည့်အချက်များပါဝင်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ နှင့်ကျေးရွာတာဝန် ခံများ ကပြည်ထောင်စု လမ်းမတစ်လျှောက် ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူ များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် မြန်မာဘာသာ နှင့်ရှမ်းဘာသာနှစ်မျိုးဖြင့် ထုတ်ဝေထားသော အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး နှာခေါင်းစည်း Mask များကိုလည်း အခမဲ့တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)