မော်လမြိုင်မြို့၌ ပန်းခင်းစီမံချက်ဖြင့် ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ရေး ကွင်းဆင်းဆောင်ရွက်ပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာနှင့် ကော့ခမယ်ကျေးရွာနေပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးတို့အတွက် မော်လမြိုင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးဦးချစ်ကိုကိုနှင့် ဝန်ထမ်း များ ကယနေ့ နံနက်၁၀နာရီက ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသည်။

ကလောမြို့၌ အသက်(၁၈)နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် အသက်(၁၈)နှစ်နှင့် အထက်ရှိသူ ပြည်သူများ၊ ရဟန်းသံဃာများနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ကလောမြို့ မြို့နယ်ခန်းမ၌ တတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၈)ဦး ထပ်မံစစ်ဆေးတွေ့ရှိ

ပင်လုံမြို့၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက်ပိုင်း အချိန်က RDT Test Kit ဖြင့် စစ်ဆေးမှုအရ အမျိုးသား(၃) ဦး၊ အမျိုးသမီး(၅)ဦး  စုစုပေါင်း(၈)ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့၌ အသက် ၂၀ မှ ၆၅ နှစ်ထိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၁၀ နာရီက အသက် ၂၀ မှ ၆၅ နှစ်ထိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တရုတ်နိုင်ငံထုတ် ဆေးထိုးနှံပေးခဲ့သည်။

မိုင်းကိုင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် စက်တင်ဘာလ ဒုတိယအပတ်မှစ၍   MCCT  အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက် ကလေးငယ်များကို ဒုတိယအကြိမ် ငွေကြေး ထောက်ပံ့ပေးလျက်ရှိသည်။

မိုင်းကိုင်မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းနေအရွယ်ကလေးများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းနေအရွယ် ကလေးများအားလုံးကို အောက်တိုဘာလ ၁၂ ရက်နေ့မှစ၍ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံပေးသွားမည်ဖြစ်သည်။

မိုင်း‌ငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) အမျိုးအစား ဆက်လက်ထိုးနှံပေး  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊မိုင်းငေါ့မြို့တွင်အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မိုင်းငေါ့ တိုက်နယ်ကျန်းမာရေးဌာနမှ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစားကို ဆက်လက်ထိုးနှံပေးခဲ့ပါသည်။

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၃ )ဦး ထပ်မံတွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က အတည်ပြုလူနာ (၄၃)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

ဒက္ခိဏသီရိမြို့နယ်တွင် ပြည်သူများအား စတုတ္ထနေ့အဖြစ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် လူငယ်လူရွယ်များ၊ နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် (၄၀)နှစ်နှင့်အထက် အသက်ကြီးသူများနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ဦးတည်အုပ်စုအလိုက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ စတုတ္ထနေ့အဖြစ် ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

နေပြည်တော်တွင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် Quarantine Center နှင့် Positive Centerများ ဖွင့်လှစ်ဆောင်ရွက်ရာ ကူညီပံ့ပိုး ဆောင်ရွက်ပေးခဲ့သည့် ဌာန/အဖွဲ့အစည်းများနှင့် ကျောင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်

နေပြည်တော်တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဖြစ်သော Quarantine Center နှင့် Positive Centerများ ဖွင့်လှစ်ဆောင်ရွက်ရာတွင် လိုအပ်သောခုတင်များ၊ Oxygenအိုးများနှင့် အခြားဆက်စပ်ပစ္စည်း များကို ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့သည့် ဌာန/အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ သင်တန်း ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
Subscribe to