ပင်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၈)ဦး ထပ်မံစစ်ဆေးတွေ့ရှိ

ပင်လုံ     အောက်တိုဘာ   ၈

ပင်လုံမြို့၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက်ပိုင်း အချိန်က RDT Test Kit ဖြင့် စစ်ဆေးမှုအရ အမျိုးသား(၃) ဦး၊ အမျိုးသမီး(၅)ဦး  စုစုပေါင်း(၈)ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူမှာနေမကောင်း၍ ၈-၁၀-၂၀၂၁ ရက်နေ့က ပင်လုံမြို ပြည်သူ့ ဆေးရုံသို့ လာရောက်ပြသသည့် ပင်လုံမြို့ ပင်လုံအရှေ့ကျေးရွာအုပ်စု နောင်လိုင့်ကျေးရွာတွင် နေထိုင်သည့် အသက် (၂၁)နှစ်အရွယ် အမျိုးသား(၁) ဦး၊ အသက်(၂၂)နှစ်အရွယ်အမျိုးသမီး (၁)ဦး၊ အသက်(၁)လအရွယ် ကလေး (မ) (၁)ဦးနှင့် အသက်(၄၆)နှစ်အရွယ် အမျိုးသား (၁)ဦး၊ ပင်လုံမြို့ ရပ်ကွက် (၁) တွင်နေထိုင်သည့် အသက်(၆၁)နှစ်အရွယ် အမျိုးသား(၁)ဦးနှင့် အသက် (၅၈)နှစ် အရွယ် အမျိုးသမီး(၁)ဦး၊ ရပ်ကွက်(၂)၊တောင်ရိုင်းပိုင်း၊ စည်ပင်ဝန်ထမ်း တန်းယားတွင် နေထိုင်နေသည့် အသက်(၅၄)နှစ်အရွယ် အမျိုးသမီး(၁)ဦးနှင့် အသက်(၃၅)နှစ်အရွယ် အမျိုးသမီး(၁)ဉီး စုစုပေါင်း(၈)ဉီးဖြစ်ကြောင်း သိရသည်။

နန်းမြင့်မြင့်ဆွေ (ပင်လုံ)