မိုင်း‌ငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) အမျိုးအစား ဆက်လက်ထိုးနှံပေး  

မိုင်းငေါ့  အောက်တိုဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊မိုင်းငေါ့မြို့တွင်အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး ကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မိုင်းငေါ့ တိုက်နယ်ကျန်းမာရေးဌာနမှ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစားကို ဆက်လက်ထိုးနှံပေးခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မိုင်းငေါ့မြို့ အတွင်းရှိ အသက်(၁၈) နှစ် အထက် ကျား (၁၃) ဦး၊ မ (၁၂) ဦး စုစုပေါင်း (၂၅) ဦး တို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်နန်းခင်မျိုးဦး နှင့် အဖွဲ့က တာလုံ ရပ်ကွက်ရှိ  အ.မ.က ကျောင်း၌ထိုး နှံပေးခဲ့ပါသည်။

ကာကွယ်ဆေး မထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊  သွေးပေါင်းချိန်ခြင်း စသည့် ကျန်းမာရေးစစ်ဆေး ခြင်းလုပ်ငန်းပြီးမှ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံပေးပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့်ပေးသွားမှာဖြစ်ကြောင်း မိုင်းငေါ့တိုက်နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)