နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၃ )ဦး ထပ်မံတွေ့ရှိ

နောင်ချို     အောက်တိုဘာ    ၈ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က အတည်ပြုလူနာ (၄၃)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများ၊ ပရဟိတအသင်းများ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့်ထိ တွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများကို  ရှာဖွေဖော်ထုတ် စစ်ဆေးခဲ့ကြပြီး  ကျန်ရှိဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ရပ်ကွက်ကျေးရွာများသို့ ဆက်လက်ကွင်းဆင်း၍ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က လူပုဂ္ဂိုလ်(၈၂)ဦးစစ်ဆေးခဲ့ရာ လူပုဂ္ဂိုလ်(၄၃)ဦး၌ ရောဂါးပိုးတွေ့ရှိခဲ့ပြီး နောင်ချိုမြို့နယ် အနေဖြင့် အောက်တိုဘာလ(၇)ရက်နေ့ထိအတည်ပြုလူနာ (၃၄၉၁)ဦး၊သေဆုံးသူ(၄၃)ဦး၊ ဆေးရုံဆင်းခွင့် ရရှိသူ(၃၂၄၁)ဦး၊ ကုသမှုခံယူနေဆဲ(၂၀၇)ဦး ရှိကြောင်း၊ ပိုးတွေ့လူနာများ၏နေ အိမ်ပတ်ဝန်းကျင်များအား အသွားအလာ ကန့်သတ်ထားရှိ၍ လူမှုရေးအသင်း အဖွဲ့ များမှပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက် ပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ရောဂါအမြန်ဆုံးကွင်းဆက် ပြတ်တောက်နိုင်စေရန် ရည်ရွယ်၍ ရပ်ကွက်၊ ကျေးရွာများ အရောက်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

ထွေးငယ် (ပြန်/ဆက်)