ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားသောက်ကုန်များလှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊အမှတ်(၁)ရပ်ကွက်တွင် ယနေ့နံနက် ၈နာရီခန့်က ကိုဗစ်-၁၉ကာလအတွင်း ပြည်သူမှပြည်သူသို့ အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်းသိရသည်။

တနင်္သာရီမြို့နယ်အတွင်း ကျောင်းသား/သူ (၃၉၆၃)ဦးကို ဆေးထိုးနှံပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်အား တွေ့ဆုံမေးမြန်း

အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး နှံပေးခြင်းဖြင့် ကျောင်းသား/ သူများပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အခြေခံပညာကျောင်းသား/ သူများတွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွါးမှု၊ သေဆုံးမှုကို လျော့ချရန်နှင့် ၎င်းကျောင်းသား/သူများမှတစ်ဆင့် မိသားစု၊ ပတ်ဝန်းကျင်သို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်‌စေရန် စသည့် ရည်ရွယ်ချက်များဖြင့် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း မြို့ပြ/ကျေးလက်မကျန် အသက်(၁၂)နှစ်အထက် အခြေခံပညာ ကျောင်းသူ/ ကျောင်းသားများကို (ပထမ)အကြိမ်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးမည်ဖြစ်သဖြင့် အခြေခံပညာကျောင်း(၄၆)ကျောင်းတို့မှ အကျုံးဝင်သော ကျောင်းသား/သူ (၃၉၆၃)ဦးကို ဆေးထိုးနှံပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်အား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက တွေ့ဆုံမေးမြန်း၍ သိရှိရမှုများကို တင်ပြလိုက်ရပါသည်။

ကော့သောင်းမြို့တွင် ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်၁၉ကာကွယ်ဆေးSinopharm အား ရပ်ကွက် အလိုက် ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီ က ကော့သောင်းမြို့၊ အေးရိပ်ငြိမ် ရပ်ကွက်၊ ပြည်သူများအား မြို့မအားကစားကွင်း၊ မိုးလုံလေလုံကြက်တောင် အားကစားခန်းမ၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ ဝါမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ရေချိုကျေးရွာရှိ မိုးနှောင်း ချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀)အထူးဇုံ ဧက(၅၀)တွင် ကွင်းဆင်းဆောင်ရွက်

မိတ္ထီလာမြို့နယ်တွင် ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ရေချိုကျေးရွာကွင်းအမှတ် (၅၃၅)ရှိ တောင်သူ(၁၇)ဦး၏ မိုးနှောင်းချည်မျှင်ရှည်ဝါ(ရွှေတောင်-၁၀)အထူးဇုံဧက ၅၀ တွင် ယမန်နေ့ နံနက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆီဆိုင်မြို့နယ်ရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များကို နေ့စဉ်ဖြည့်ဆည်း ပို့ဆောင်ပေး လျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ ဇဝနာရာမ စာသင် တိုက်အတွင်း တည်ဆောက်ပြီးစီးသည်ဖြစ်သည့် အောက်ဆီဂျင်စက်မှာ အောက်တိုဘာ ၅ ရက်နေ့မှ စတင်၍ ဆီဆိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ နေ့စဉ် ဖြည့်ဆည်းပို့ဆောင် ပေးလျက် ရှိကြောင်း သိရသည်။

ကျုံပျော်တွင် ပေါင်းမြက်နှိမ်နင်းခြင်းနှင့် စပါးမျိုးကွဲပယ်ခြင်းကွင်းသရုပ်ပြပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများ နည်းစနစ် တကျ စပါးမျိုးသန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့်ခေတ်မီစိုက်ပျိုးနည်းစနစ်ကို ပိုမိုအသုံးပြု နိုင်‌ရေးရည်ရွယ်၍ ပေါင်းမြက်နှိမ်နင်းခြင်းနှင့် စပါးမျိုးကွဲပယ်ခြင်းကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီက မြေရဲတောင်ကွင်းရှိ တောင်သူဦးတင်ရှိန်လယ်အတွင်း၌ ကျင်းပပြုလုပ်သည်။

ပုလောမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုး ရန် ကျန်ရှိသူများအား Sinopharm ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ပိုင်း က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ပုလော မြို့နယ်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရေဖြူမြို့နယ်အတွင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် အသက် ၁၂နှစ်မှစတင်၍ အသက် (၁၈)နှစ်အထိ သီးသန့်စီမံချက်ဖြင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ သီးသန့်ကာကွယ်ဆေး ထိုးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်နေမှု အခြေအနေများအား တွေ့ဆုံမေးမြန်းခြင်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ရောဂါကူးစက်မှု မရှိပဲ ပညာသင်ကြားနိုင်ခြင်း၊ ကျန်းမာပျော်ရွှင်စွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ကျောင်းတက်နိုင်ခြင်းဖြင့် ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ အသက် (၁၂)နှစ်မှ စတင်ကာ အသက်(၁၈)နှစ်အထိ သီးသန့်စီမံချက်ဖြင့် ကျောင်းသားကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ သီးသန့်ကာကွယ်ဆေးထိုးပေးခြင်း နှင့်ပတ်သက်၍ ရေဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးမိုးဆန်းထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်

ပခုက္ကူမြို့နယ်တွင် “ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ထောင်သုံးရာကျော်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းသုံးရာကျော်ဆောင်ရွက်ပြီးစီး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပခုက္ကူမြို့ နယ် ဦးစီးမှူးရုံးက “ပန်းခင်း”စီမံချက်ဖြင့် ၂၀၂၁ခုနှစ်၊စက်တင်ဘာလကုန်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ထောင်သုံးရာ ကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်းသုံးရာကျော် ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဘားအံခရိုင်ပညာရေးမှူး ဆရာမကြီးနှင့် တွေ့ဆုံမေးမြန်း

မေး - မင်္ဂလာပါ ဆရာမကြီးရှင့် ၊ ဆရာကြီးရဲ့နာမည်နှင့် တာဝန်ထမ်းဆောင်နေတဲ့ ရာထူးတာဝန်ကို သိပါရစေရှင့်။ ဖြေ - ကျွန်မနာမည်ကတော့ ဒေါ်အေးအေးဆွေပါ ၊ ဘားအံခရိုင်ပညာရေးမှူးဖြစ်ပါတယ် ။ မေး - အထက်တန်း/အလယ်တန်းကျောင်းတွေ့မှာ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ အသက်(၁၂) နှစ်အထက် ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကာကွယ် ဆေး ထိုးနှံဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိချင်ပါတယ်ရှင့်။
Subscribe to