ကြံခင်းမြို့တွင် မသန်စွမ်းသူအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ကြံခင်းမြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ် ကျင်းပခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်း

ဦးရဲမြတ်သိန်း(မြို့နယ်အုပ်ချုပ်ရေးမှူး) ဥတ္တရသီရိမြို့နယ် မေး။ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများကို ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ဖို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီမံဆောင်ရွက် ထားရှိမှုအခြေအနေများကို ပြောကြားပေးစေလိုပါတယ်

မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကုသရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကုသရေး သုံး ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်၌ "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်နှင့် ဝန်ထမ်းများသည် ကသာမြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းမိသားစုများအား အောက်တိုဘာလ(၈)ရက်နေ့၊ ညနေပိုင်းက "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၊ ချောင်းဝကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ချောင်းဝကျေးရွာ အုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ငပုတောမြို့နယ် ဦးစီးမှူးရုံး မှ ဦးဖြိုးဝေစိုး ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦး ရေစာရင်း နှင့် ကိုင်ဆောင် သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းများကို (၇.၁၀.၂၀၂၁)ရက် နေ့နှင့် (၈.၁၀.၂၀၂၁) ရက်နေ့တွင် (၂)ရက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များကို ၂၀၂၁ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှ ယနေ့အထိနေ့စဉ် မြို့နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရာ နေရာများသို့သွားရောက်၍ ဖြန့်ဝေခဲ့သည်။

မင်းပြားမြို့စာပီယိုင်းလူငယ်အဖွဲ့က Moblic library ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်စာပီယိုင်းလူငယ်အဖွဲ့ကပြည်သူလူထုအား အသိ ပညာဗဟုသုတတိုးပွားစေ‌ရေးအတွက် စာအုပ်စာစောင်များငှါးရမ်းနိုင်ရန် Moblic libraryကို ယမန်နေ့ ကမင်းပြားမြို့အလယ်ပိုင်းရပ်ကွက်ရှိမင်းပြား-မြေပုံ၊ မင်းပြား-ပေါက်တောအဝေးပြေး ကားဂိတ်၌ကျင်းပပြုလုပ်သည်။

ဘုတ်ပြင်းမြို့နယ်တွင် ကျပ်သန်းပေါင်း (၅၀၀၀)ကျော်ဖြင့် တည်ဆောက်လျက်ရှိသော ဘုတ်ပြင်း- အုန်းတောကမ်းတံတား ရာနှုန်းပြည့်နီးပါး တည်ဆောက်ပြီးစီး

တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ဘုတ်ပြင်းမြို့နယ်တွင် ကျပ်သန်းပေါင်း (၅၀၀၀)ကျော်ဖြင့် တည်ဆောက်လျက်ရှိသော ဘုတ်ပြင်း-အုန်းတော ကမ်း တံတားသစ်သည် တံတားတည်ဆောက်ရေးလုပ်ငန်း ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး တံတား လက်ရန်းလုပ်ငန်းများနှင့် အချောသတ်လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ကြောင်း တံတားဦးစီး ဌာနမှ သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့မတောင်ရပ်ကွက်ရှိ လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ အခမဲ့ စစ်ဆေးဆောင်ရွက်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့မတောင် ရပ်ကွက်အနီးရှိ လမ်းသွားလမ်းလာ ပြည်သူများအား အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီ အချိန်က ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagnostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရ သည်။

နတ်တလင်းမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (ပထမ)အကြိမ် စတင်ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ယနေ့ နံနက် ၉ နာရီက စတင်၍ နတ်တလင်းမြို့ သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။
Subscribe to