ကလောမြို့၌ အသက်(၁၈)နှစ်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ကလော အောက်တိုဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် အသက်(၁၈)နှစ်နှင့် အထက်ရှိသူ ပြည်သူများ၊ ရဟန်းသံဃာများနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ကလောမြို့ မြို့နယ်ခန်းမ၌ တတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ် - ၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံပေးရာတွင် ဦးတည်အုပ်စုအလိုက် သတ်မှတ်ထား သောအသက် (၁၈) နှစ်နှင့် အထက်ရှိသူပြည်သူများ၊ ရဟန်းသံဃာများနှင့်သီလရှင်များ၊ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား  နိုင်ငံ့ဝန်ထမ်းများ၊ မသန်စွမ်းသူများ နာတာရှည်ရောဂါရှိသူများအား ကလောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ အလိုက် စုရပ်နေရာများ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ တတိယအသုတ် (ပထမ) အကြိမ်အဖြစ် အောက်တိုဘာလ ရက်နေ့မှ ရက်နေအထိ ၆၃၃၀ ခန့်ထိုးနှံပေးပြီးကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးကော်မတီမှ တာဝန် ရှိသူများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ကလောမြို့ကိုဗစ် - ၁၉ ရောဂါအရေးပေါ်ကူညီရေးအဖွဲ့တို့က ပါဝင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)