ကျိုင်းလပ် အောက်တိုဘာ ၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၁၀ နာရီက အသက် ၂၀ မှ ၆၅ နှစ်ထိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တရုတ်နိုင်ငံထုတ် ဆေးထိုးနှံပေးခဲ့သည်။
ထိုသို့ ထိုးနှံပေးရာတွင် ကျိုင်းလပ်မြို့အတွင်းရှိ နိုင်ငံ့ဝန်ထမ်း (၁)ဦး၊ အသက် ၂၀ မှ ၆၅ နှစ် ထိ ဒေသခံပြည်သူ ကျား (၅၄)ဦး၊ မ (၄၅)ဦး၊ စုစုပေါင်း (၁၀၀)ဦးအား မြို့နယ်ဆရာဝန် ဒေါက်တာ ရာဂျန်း၊ ဒေါ်မေသီတာထွန်း (သူနာပြု)၊ ဒေါ်ခိုင်ဝါမွှေး (သူနာပြု)နှင့် ဒေါ်ဟန်သူဇာမောင် (ကြီးကြပ်-၂)တို့က ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်ပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ ဆောင်ရွက်ပြီး ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ပြီး ဆေးလုံးရေ ၅၀ လုံး သုံးစွဲခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအောင်က ဦးစီး၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကြည့်ရှု့အားပေး ကွပ်ကဲကြီးကြပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)