မော်လမြိုင် အောက်တိုဘာ ၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာနှင့် ကော့ခမယ်ကျေးရွာနေပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးတို့အတွက် မော်လမြိုင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးဦးချစ်ကိုကိုနှင့် ဝန်ထမ်း များ ကယနေ့ နံနက်၁၀နာရီက ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသည်။
ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အသက်(၁၆)နှစ်နှင့်အထက် ကိုင်ဆောင်လက်မှတ်မရှိသေးသူ များကိုအဓိကထားဆောင်ရွက်ပေးခြင်းအပြင် အသက်(၁၀)နှစ်နှင့် အထက်ပြည့်ပြီး သူတိုင်းနိုင်ငံသားကတ် အသစ်ပြု လုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် ပျောက်ဆုံးခြင်းများကို နိုင်ငံသားစိစစ်ရေးကတ်ပြားပြု လုပ်ရာ တွင် သတ်မှတ်ထား သည့် အထောက်အထာများ ပြည့်စုံစွာဖြင့် ဉပဒေနှင့်အညီ ဆောင်ရွက်ပေး သည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့်မော်လမြိုင်မြို့နယ် အတွင်းရှိပြည်သူများနိုင်ငံသားအခွင့်အရေးမဆုံးရှုံး စေရန်ကိုင် ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေး၊ အိမ်ထောင်စုလူဦးရေစာရင်း နှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများကိုလည်း နေထိုင်မှုပုံစံလေးမျိုးဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ မော်လမြိုင်မြို့နယ် အနေဖြင့် ကျေးရွာအုပ်စု ၇ စု၊ ရပ်ကွက် ၅ ခုတို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ၅၅၁၇ ကတ်၊ အိမ်ထောင်စုလူဦးရေစာရင်း ၂၀၃ ကတ်တို့ကို ဆောင်ရွက်ပေးပြီးဖြစ်၍ အလားတူ ဌာနဆိုင်ရာ ၁၀ ခု၊ တပ်ရင်း၊ တပ်ဖွဲ့(၁၀)ခုတို့၌ ကွင်းဆင်းဆောင်ရွက်ပေးပြီးဖြစ်သည်။ ထိုသို့ကွင်းဆင်း ဆောင်ရွက် ပေးခြင်းသည် ပြည်သူများအား “လူမှု ဘဝပြည့် စုံဖို့ နိုင်ငံသားကတ်ကိုင် ကြစို့”ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် ဖြင့် ၂၀၂၁ခုနှစ်၊ မေ၃ရက်မှစတင်ကာ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့အထိ၁၈ လတာကာလဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း