ဘားအံ အောက်တိုဘာ ၉
မေး - မင်္ဂလာပါ ဆရာမကြီးရှင့် ၊ ဆရာကြီးရဲ့နာမည်နှင့် တာဝန်ထမ်းဆောင်နေတဲ့ ရာထူးတာဝန်ကို သိပါရစေရှင့်။
ဖြေ - ကျွန်မနာမည်ကတော့ ဒေါ်အေးအေးဆွေပါ ၊ ဘားအံခရိုင်ပညာရေးမှူးဖြစ်ပါတယ် ။
မေး - အထက်တန်း/အလယ်တန်းကျောင်းတွေ့မှာ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ အသက်(၁၂) နှစ်အထက် ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကာကွယ် ဆေး ထိုးနှံဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိချင်ပါတယ်ရှင့်။
ဖြေ - ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနဲ့ ပတ်သက်ပြီးတော့ မြို့နယ်တွေမှာ အသက်(၁၂) နှစ်အထက် ကလေးတွေရဲ့ စာရင်းတွေကို ကောက်ခိုင်းပါတယ်၊ အခုဆိုရင် ကျောင်းသား စာရင်းတွေလဲ ရထားပါပြီး ၊ ဘားအံခရိုင် မှာဆိုရင် (၄) မြို့နယ်ရှိတယ်၊ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးမဲ့ ကျောင်းစာရင်းတွေလဲ လျာထားပြီး ပါပြီးဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးမဲ့စုရပ်ကတော့ (၂၆) နေရာဖြစ်ပါတယ်။
မေး - ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးမဲ့ စုရပ် (၂၆)ခု ရဲ့ နေရာလေးတွေသိချင်ပါတယ်။
ဖြေ - ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးမဲ့ စုရပ်တွေကတော့ ဘားအံမြို့နယ်မှာဆိုရင် အထက (၁) ဘားအံ ၊ အထက(၃) ဘားအံ ၊ အထက(၄)ဘားအံ ၊ အထက(ဒုံရင်း ) ၊ အထက(တောင်ကလေး) ၊ အထက(အိန္ဒု)၊ အထက(ထုံးအိုင်)၊ အထက(ဝဲကရင်)၊ အထက(ဇာသပြင်)နှင့် အထက (ဘားကပ်)၊ အထက(ဝင်းဒရယ်)၊ လှိုင်းဘွဲမြို့နယ်မှာဆိုရင် အထက(လှိုင်းဘွဲ )၊ အထက(ပိုင်ကျုံ)၊ အထက(မြိုင်ကြီးငူ)၊ အထက(ရွှေဂွန်း)၊ အထက(ထီလုံ)၊ သံတောင်ကြီးမြို့နယ်မှာဆိုရင်အထက(သပြေညွှန့်)၊အထက(လိပ်သို)၊အထက(ဘုရင့်နောင်) အထက(မိတ်သလင်တောင်) ၊ အထက (ဗောဓိကုန်း) တို့ဖြစ်ပါတယ်။ ဖါပွန်မြို့နယ်မှာတော့ အထက(ဖါပွန်) အလက(မဲသလွတ်) ၊ အထက(ကမမောင်း)၊အလက (အုန်းတော) ၊ အထက(ကတိုင်တိ)စတဲ့ နေရာတွေမှာ ထိုးနှံပေးသွားမှာဖြစ်ပါတယ်။
မေး - ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဖို့ အကျုံးဝင်တဲ့ ကျောင်းသား/ကျောင်းသူတွေကို သတ်မှတ်နေရာ တွေ မှာ ကာကွယ်ဆေးလာရောက်ထိုးနှံဖို့ အသိပေးမှုတွေကိုဘယ်လိုဆောင်ရွက်ထားပါသလဲ။
ဖြေ - မြို့နယ်ပညာရေးမှူးများမှတဆင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများကို အသိပေးပါတယ်။ ကျောင်းအုပ်ကြီး များမှတဆင့် သက်ဆိုင်ရာကျောင်းသား မိဘတွေကို အသိပေးဆက်သွယ်ထားပြီးဖြစ်ပါတယ်။
မေး - မကြာမီမှာ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ရှိကြောင်း သိရှိရတဲ့အတွက် ကျောင်းတွေပြန်ဖွင့် ဆောင်ရွက်ထားရှိမှု အခြေအနေလေးသိပါရစေရှင့်။
ဖြေ - ကျောင်းတွေပြန်ဖွင့်ဖို့ကတော့ ပထမ ဇွန်လမှာ ဖွင့်ကတည်းက ပြည်နယ်၊ ခရိုင် ၊ မြို့နယ်အဖွဲ့များ စုပေါင်းပြီး ကျောင်းတွေမှာဉပဓိရုပ်ကောင်း/မကောင်း၊ ကျောင်းသား/ကျောင်းသူများ စာသင်ကြားရာမှာ ကိုစည်းကမ်း နဲ့အညီ ဆောင်ရွက်ထားမှု ရှိ/မရှိကိုလည်း လိုက်လံစစ်ဆေးထားပြီးလဲဖြစ်ပါတယ်။ အခုကျောင်းတွေ ပြန်ဖွင့်တော့မယ်ဆိုရင်လည်း ပြန်လည်စစ်ဆေးဖို့ အတွက် အစီအစဉ်တွေဆွဲထားပြီးလည်းဖြစ်ပါတယ်။
မေး - အသက် (၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူတွေ့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာမှာ အဆင်ပြေဆောင်ရွက်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာနအဖွဲ့အစည်းတွေ့ကိုလဲ သိပါရစေရှင့်။
ဖြေ - ဘားအံခရိုင်အတွင်းမှာတော့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ပညာရေး ၊ ကျန်းမာရေးမှ ဝန်ထမ်း ၊လဝကမှ ဝန်ထမ်းများ ၊ မီးသတ် ၊ ကြက်ခြေနီ စတဲ့အဖွဲ့အစည်းများမှလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ကြမှာ ဖြစ်ပါတယ်။
မေး - ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှုအပေါ် ဆရာမကြီးရဲ့ ပီတိ စကား သံကိုလည်းကြားချင်ပါတယ်ရှင့်။
ဖြေ - ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံထားတဲ့အတွက် ရောဂါဖြစ်လာခဲ့သည်ရှိသော် ပြင်းပြင်းထန်ထန် ခံစား ရမှာ မဟုတ်ပါဘူး ၊ကူးစက်မှုကိုလည်း ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုလို ကျောင်းသား/ ကျောင်းသူတွေကာကွယ်ဆေး ထိုးနှံခွင့်ရရှိတဲ့ အတွက်ဝမ်းသာပီတိလဲဖြစ်မိပါတယ်။ ကာကွယ်ဆေးထိုးနိုင် အောင် ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူများအားလုံးကို လည်းကျေးဇူး တင်ပါတယ်။
အခုလိုပြောကြားပေးတဲ့အတွက် ဆရာမကြီးကို ကျေးဇူးတင်ပါတယ်ရှင့်။
ခရိုင် ( ပြန်/ဆက် )