ခမောက်ကြီး အောက်တိုဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊အမှတ်(၁)ရပ်ကွက်တွင် ယနေ့နံနက် ၈နာရီခန့်က ကိုဗစ်-၁၉ကာလအတွင်း ပြည်သူမှပြည်သူသို့ အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်းသိရသည်။
ခမောက်ကြီးမြို့အမှတ်(၁)ရပ်ကွက်နေ စည်ပင်သာယာစျေးရှေ့ရှိ ဦးနေဝင်း၊ဒေါ်ရီ (ကုန်စုံဆိုင်)မိသားစု တို့မှ ဆန်(၃၆၀) ပြည်ကြက်ဥ အလုံး(၁၈၀၀)နှင့် ယိုးဒယားဆီသန့်(၁၅)ပါကင်၊တို့အား အိမ်ထောင်စု(၁၈၀) အတွက် တစ်အိမ်ထောင်လျှင် ကြက်ဥ(၁၀)လုံးနှင့်ဆန်(၂)ပြည်နှင့်ယိုးဒယားဆီသန့် (၁)ဘူးစီကို ခမောက်ကြီး မြို့ရှိရပ်ကွက် နေပြည်သူများအား စေတနာသဒ္ဒါတရားထက်သန်စွာဖြင့်လှူဒါန်း ခဲ့ကြောင်း သိရပါသည်။
ရူပါမြင့်(ခမောက်ကြီး)