ပုလောမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေး

ပုလော  အောက်တိုဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုး ရန် ကျန်ရှိသူများအား Sinopharm ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို  ယနေ့နံနက် ပိုင်း က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ပုလော မြို့နယ်ခန်းမ၌ ယနေ့နံနက် ၉ နာရီက  ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို  ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးလျက်ရှိသော ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် အောက်တိုဘာလ  ၈  ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ ပုလောမြို့နယ်၌  ကျား (၆၈၂) ဦး၊ မ(၁၀၈၈)ဦး စုစုပေါင်း (၁၇၇၀) ဦး လာရောက်ထိုးနှံခဲ့ပြီး၊ အဆိုပါ ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုအပ် သည်များ ကူညီဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစားကို သြဂုတ်လ နှင့် စက်တင်ဘာလ၌ လူဦးရေ (၁၀၃၅၀) ဦးထိုးနှံဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊ ယခု အပတ်တွင် လူဦးရေ (၉၂၂၀) ဦးထိုးနှံပေးရန် လျာထားကြောင်း သိရသည်။

အေးအေးမော် (ပုလော)