မင်းလှမြိုနယ်တွင် အသက် ၁၈ နှစ် အထက်ရှိပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမနေ့စတင် ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊မင်းလှမြို့နယ်တွင် အသက် ၁၈ နှစ်အထက်ရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါဆေး ပထမနေ့စတင်ထိုးနှံပေးခြင်းကို ‌ယနေ့နံနက် ၁၀နာရီက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ထား သည့် ဆေးထိုးစုရပ်များ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူများ ၏ ရင်တွင်းစကားသံများ

ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူများ ၏ ရင်တွင်းစကားသံများ ရေနံချောင်း အောက်တိုဘာ ၉ ငြိမ်းငြိမ်းအိ

ဒေးဒရဲမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ပညာသင်ကြားလျှက်ရှိသော အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနတို့အား ယမန်နေ့က သွားရောက်မေးမြန်းခဲ့ပါတယ်။

မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပြည်သူ(၂၅၉၈၁)ဦးကို ထိုးနှံပေးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ် ပထမအကြိမ် အဖြစ် အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြင်းခြံမြို့နယ်အတွင်းမှ ထနောင်းတိုင်၊ ကွမ်းစိုက်၊ ပျော်ဘွယ်၊ တလုတ်၊ နွားဘူးအိုင်၊ ဆီမီးခုံ နှင့် ဆင်းဂွတ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ (၇)ခုနှင့် မြင်းခြံမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ဗိမာန်တို့တွင် နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။

ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာရှိ ဒေသခံပြည်သူ(၅၀)ဦးအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေး

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ်ရွာခိုင်ကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူ ၅၀ ဦးအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်နိုင်ရေးအတွက် အခမဲ့ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှူး ဦးညွန့်ဝင်းထူး ထံမှ သိရသည်။

တောင်ငူ၌ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံရန် ကျန်ရှိသူများအား ဦးစားပေးအုပ်စုအလိုက် ဆေးထိုးစုရပ် အသီးသီးတွင် ယနေ့နံနက်ပိုင်းက စတင်၍ တပြိုင်တည်း ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဝါးခယ်မမြို့နယ်တွင်‌ ဒေါ်ပိုက်မိ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေးထိုးနှံပေး

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြသိန်းတန်ရပ်ကွက်၊ မြို့ပါတ်လမ်း၊ ဒေါ်ပိုက်မိ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများနှင့် ဝန်ထမ်းများအား ယနေ့နံနက် (၁၀)နာရီက ကိုဗစ်‌-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် စတင်ထိုးနှံပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံ ရသေးသည့် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်ရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့လယ်ဓမ္မာရုံတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် အနောက်သာဂရကျေးရွာတွင် တိုင်ထောင်ပဲတောင့်ရှည်စိုက်ပျိုးရောင်းချသူများ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် ဆန်းစပါးကို အဓိထား စိုက်ပျိုးကြ သော်လည်း နေ့စဉ်ဝင်ငွေရရှိရေးအတွက် အခြားဝင်ငွေရသည့် သီးပင်စားပင်များလည်း စိုက်ပျိုးရောင်းချ လျက်ရှိရာ အနောက်သာဂရကျေးရွာမှ တိုင်ထောင်ပဲတောင့်ရှည်စိုက်ပျိုးရောင်းချသူများ မိသားစု စားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း သိရှိရသည်။
Subscribe to