ကျုံပျော် အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများ နည်းစနစ် တကျ စပါးမျိုးသန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့်ခေတ်မီစိုက်ပျိုးနည်းစနစ်ကို ပိုမိုအသုံးပြု နိုင်ရေးရည်ရွယ်၍ ပေါင်းမြက်နှိမ်နင်းခြင်းနှင့် စပါးမျိုးကွဲပယ်ခြင်းကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီက မြေရဲတောင်ကွင်းရှိ တောင်သူဦးတင်ရှိန်လယ်အတွင်း၌ ကျင်းပပြုလုပ်သည်။
ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး ဦးစီး ဌာနမှူး ဦးကျော်ကျော်နှင့် ဝန်ထမ်းများ၊ တောင်သူများတက်ရောက်ကြပြီး ရှေးဦးစွာ စိုက်ပျိုးရေး ဦးစီးဌာနမှ ဒု-လက်ထောက်ဦးစီးမှူး ဒေါ်ဝေနှင်းစိုးကမျိုးကွဲနှုတ်ပယ်ပုံ အဆင့်ဆင့် နှင့် မျိုးကောင်း မျိုးသန့် ရရှိအောင်ဆောင်ရွက်ခြင်း အဆင့်ဆင့်တို့ကို တက်ရောက်လာသူ များအား ရှင်းလင်းပြော ကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်းကာ ရင့်မှည့်ချိန် ပေါင်းမြက်နှိမ်နင်းခြင်းနှင့် စပါးမျိုးကွဲပယ်ခြင်းတို့ကို မျိုးသန့်စပါးစိုက်ခင်းအတွင်းလက်တွေ့ သရုပ်ပြဆောင်ရွက်ကြသည်။
ကျုံပျော်မြို့နယ်တွင် မျိုးသန့်စပါးစိုက်ဧက(၃၃၂)ဧက ရှိပြီး၊ ဆင်းသုခ၊ မှော်ဘီ-၃ ၊ ပေါ်ဆန်း ဘေး ကြားစသည့် စပါးမျိုးသန့်များ စိုက်ပျိုးလျှက်ရှိကာ၊ တောင်သူများ အနေဖြင့် ပေါင်းမြက် နှိမ်နင်းခြင်းနှင့် စပါးမျိုးကွဲပယ်ခြင်း၊ မြေသြဇာထည့်သွင်းသွင်း၊ ပိုးမွှားရောဂါ ကာကွယ်ခြင်းများ စနစ်တကျရှိစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)