ဘုတ်ပြင်းမြို့နယ်တွင် ကျပ်သန်းပေါင်း (၅၀၀၀)ကျော်ဖြင့် တည်ဆောက်လျက်ရှိသော ဘုတ်ပြင်း- အုန်းတောကမ်းတံတား ရာနှုန်းပြည့်နီးပါး တည်ဆောက်ပြီးစီး

ဘုတ်ပြင်း  အောက်တိုဘာ 

တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ဘုတ်ပြင်းမြို့နယ်တွင် ကျပ်သန်းပေါင်း (၅၀၀၀)ကျော်ဖြင့် တည်ဆောက်လျက်ရှိသော ဘုတ်ပြင်း-အုန်းတော ကမ်း တံတားသစ်သည် တံတားတည်ဆောက်ရေးလုပ်ငန်း ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး တံတား လက်ရန်းလုပ်ငန်းများနှင့် အချောသတ်လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ကြောင်း တံတားဦးစီး ဌာနမှ သိရသည်။

ဘုတ်ပြင်းမြို့နှင့် အုန်းတောကမ်းကျေးရွာအုပ်စုအား ကားလမ်းချိတ်ဆက်ပေးမည့် ဘုတ်ပြင်း-အုန်းတော ကမ်း တံတားသစ်သည် နှစ်လမ်းသွား သံကူကွန်ကရစ်တံတားဖြစ်၍ တံတားအရှည်သည် (၁၂၀၀)ပေရှိပြီး ယာဉ် သွားလမ်း အကျယ်(၂၄)ပေနှင့် လူသွားလမ်းအကျယ် တစ်ဖက်လျှင်()ပေစီပါဝင်၍ ရေလမ်းကင်းလွတ်အကျယ် (၈၃)ပေနှင့် အမြင့် (၁၈)ပေရှိကာ တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း တန်(၆၀)ဖြစ်ကြောင်း၊ အဆိုပါ တံတားကို တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့() တံတားအထူးအဖွဲ့(၁၃)မှ ငွေကျပ်သန်းပေါင်း(၅၄၃၄)သန်းဖြင့်   တာဝန် ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဘုတ်ပြင်း-အုန်းတောကမ်း တံတားသစ်အား တံတားအောက်ခံ အုတ်မြစ်များအား အချင်း(၁.၂)မီတာရှိသည့် ဘိုးပိုင်များဖြင့် တည်ဆောက်ထားကာ တံတားကိုယ်ထည်မှာ  သံကူကွန်ကရစ်ဖြစ်၍ တံတားအပေါ်ထည် အား သံကူကွန်ကရစ်ရက်မ၊ သံမဏိရက်မ(Plate Girder)နှင့် သံကူကွန်ကရစ်ကြမ်းခင်းတို့ဖြင့် တည်ဆောက် ထား ကြောင်း၊ ပင်လယ်ရေငန်နှင့်ထိစပ်နေသောအပိုင်းများတွင် ရေငန်ထိတွေ့မှုခံနိုင်ရည်ရှိစေရန်အတွက်  သတ် မှတ်ချက် နှင့်အညီ ဆောက်လုပ်ရေး လုပ်ငန်းသုံး သံချောင်းများအား  Anticorrosive Paint သုတ်လိမ်းထားပြီး တံတားခန်းဖွင့်အနေဖြင့် ခန်းဖွင့်အကျယ်(၆၀)ပေ()ခန်း၊ ခန်းဖွင့်အကျယ်(၁၀၀)ပေ()ခန်းနှင့် ခန်းဖွင့်အကျယ် (၆၀)ပေ()ခန်းတို့ဖြင့်  ဖွဲ့စည်းတည်ဆောက်ထားကြောင်း တံတားအထူးအဖွဲ့(၁၃)မှ သိရသည်။

အဆိုပါ တံတားသစ် တည်ဆောက်ရေးလုပ်ငန်းကို (၂၀၁၉)ခုနှစ် ဧပြီလ(၁၈)ရက်နေ့က စတင်တည် ဆောက်ခဲ့ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများ အချောသပ်ဆောင်ရွက်ပြီးစီး၍ တံတားချည်းကပ်လမ်းခင်းခြင်း လုပ်ငန်း များ ဆောင်ရွက်ပြီးစီးပါက  အုန်းတောကမ်းဘက်ရှိ ကျေးရွာအုပ်စုများမှ ဒေသခံများမှ ဘုတ်ပြင်းမြို့သို့ အချိန်တို အတွင်း သွားလာနိုင်တော့မည်ဖြစ်ကာ ခြံထွက်သီးနှံများနှင့် ရေထွက်ကုန်ပစ္စည်းများပို့ဆောင်ရာတွင် ယခင်က ထက် ပိုမိုလျင်မြန်လွယ်ကူလာတော့မည်ဖြစ်၍ ဒေသခံပြည်သူများမှ တံတားသစ်ကြီးအား အသုံးပြု၍  ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး