မင်းပြား အောက်တိုဘာ ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်စာပီယိုင်းလူငယ်အဖွဲ့ကပြည်သူလူထုအား အသိ ပညာဗဟုသုတတိုးပွား စေရေးအတွက် စာအုပ်စာစောင်များငှါးရမ်းနိုင်ရန် Moblic libraryကို ယမန်နေ့ ကမင်းပြားမြို့အလယ်ပိုင်းရပ်ကွက်ရှိမင်းပြား-မြေပုံ၊ မင်းပြား-ပေါက်တောအဝေးပြေး ကားဂိတ်၌ကျင်းပပြုလုပ်သည်။
Moblic libraryကွင်းဆင်းဆောင်ရွက်ရာတွင်မင်းပြားမြို့နယ် စာပီယိုင်းလူငယ်များကပြည်သူ လူထုထံသို့အရောက် စာကြည့်တိုက် ဆိုင်ရာ လုပ်ငန်းများအား အသိပညာပေးပြောကြားခြင်း၊ လူတစ်ဦးလျှင် စာအုပ်စာစောင်(၂) အုပ်စီငှါးရမ်းပေးခြင်း၊ သတ်မှတ်ရက်အတွင်းသတ်မှတ်သည့် နေရာ တွင်လာရောက်ပေးအပ်စေ၍ စာတတ်သူတိုင်းစာဖတ်ရန်နှင့် စာပေချစ်မြတ်နိုး သူတိုင်း စာအုပ်စာစောင်ငှါးရမ်း လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေကြကြောင်း သိရသည်။
ဆက်လက်ပြီးစာအုပ်စာစောင်ငှါးရမ်းသူများအား ရခိုင်ရိုးရာသီချင်းများဖြင့်သီဆို ဖျော်ဖြေခြင်း၊ အချိုရည်ဖြင့်ဧည့်ခံကျွေးမွေးခြင်းများကို ဆောင်ရွက်ကြသည်။မင်းပြားမြို့စာပီယိုင်း လူငယ်အဖွဲ့ သည်မျိုးဆက်သစ် လူငယ်များအား စာပေဗဟုသုတတိုးပွားစေရန်ပြုစုပျိုးထောင်ပေးနေသည့် အဖွဲ့ဖြစ်ကြောင်းနှင့်Moblic Library ကိုအပတ်စဉ် သောကြာနေ့တိုင်းမြို့ပေါ်ရပ်ကွက် များတွင် ဆောင်ရွက်နေကြပြီး အဖွဲ့ဝင်(၁၀၀)ကျော်ဖြင့် ဖွဲ့စည်းထားကြောင်းလည်းသိရသည်။
သိန်းနုအောင်(ပြန်/ဆက်)