နတ်တလင်း အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ယနေ့ နံနက် ၉ နာရီက စတင်၍ နတ်တလင်းမြို့ သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေး ကာကွယ်ဆေးထိုးနှံခြင်းကို ေအာက်တိုဘာလ ၉ ရက်နေ့မှ စတင်ပြီး ကာကွယ်ဆေး ထိုးစုရပ်အသီးသီးတွင် သတ်မှတ်ရက်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ဦးတည်အုပ်စုများမှာ အသက် (၁၈)နှစ်အထက် ဆေးမထိုးရသေးသည့် သူများအား ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
နတ်တလင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းကို ဦးစားပေး အစီအစဉ်အလိုက် ပထမအကြိမ် ဦးတည်သတ်မှတ်ဦးရေ (၈၁၃၀)ဦးအား ဆေးထိုးစုရပ်များတွင် အဖွဲ့(၁၀)ဖွဲ့ဖြင့် ထိုးနှံပေးသွား မည်ဖြစ်ပြီး ဆေးရရှိမှု အပေါ်မူတည်၍ ဦးစားေပးအစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)