လေရှီး အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ အရှေ့ဘက်အဝင်ဂိတ်တွင် မိုးရာသီကာလ၌ မိုးများရွာသွန်းပြီး ကမ်းပါးရံများပြိုကျကာ ရေမြောင်းများ ပိတ်ဆို့နေပြီး လမ်းဘေးဝဲယာတွင် ထူထပ်နေသည့် မြက်ပင်ချုံနွယ်များအား ယနေ့နံနက်(၈) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် ဒေသဦးစီး အဖွဲ့ဝင် ဦးကြူးစီးထောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်မြင့်တို့ ဦးဆောင်၍ လေရှီးမြို့ပေါ်ရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ Volunteer အဖွဲ့များ ပူးပေါင်း၍ ရှင်းလင်းဖယ်ထုတ်ခဲ့ကြောင်း သိရသည်။
လေရှီးမြို့အတွင်း သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုစက်တင်ဘာလမှ စတင်၍ ယနေ့ အထိ အပတ်စဉ်စနေနေ့တိုင်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ထို့သို့ဆောင်ရွက်ရာတွင် တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့ဝင်များ စုစုပေါင်း(၈၀)ဦးခန့် ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
ဆိုင်းသား(လေရှီး)