မြို့သစ်မြို့နယ်တွင် “ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ပြည်သူအားလုံးပါဝင်ပေး” ဖန်ခါးမြေ လက်ကမ်းစာစောင်များ ဖြန့်ဝေ

မြို့သစ် အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နှင့် ကူးစက်မှုမဖြစ်ပွားစေရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်ထုတ်ဝေသည့် “ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပြည်သူအားလုံး ပါဝင်ပေး” ဖန်ခါးမြေလက်ကမ်းစာစောင်အား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ မြို့မစျေး၊ ကားဂိတ်၊ လက်ဖက်ရည်ဆိုင်များနှင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ “ကိုဗစ်-၁၉ကာကွယ်ရေး ပြည်သူအားလုံးပါဝင်ပေး” ဖန်ခါးမြေလက်ကမ်းစာစောင်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အဓိကသတင်းစကား(၁၀)ချက် ၊ ပြည်သူများ ကာကွယ်ဆေးထိုး နှံရန် နှိုးဆော်မှု ၊  ကိုဗစ်-၁၉ကပ်ရောဂါဆိုးမှ ကင်းဝေးစေလိုသည့်စေတနာ ၊  ကူးစက်ရောဂါနှိမ်နှင်း ရေး ဥပဒေဆိုတာဘာလဲ ၊ ကိုဗစ်-၁၉ ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ ၊  ဒေသခံပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါပိုးအား RDT  Test  Kid ဖြင့် အခမဲ့ စစ်ဆေးနိုင်ရန် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍   ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)