လသာမြို့နယ်တွင်  အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိ

လသာ     အောက်တိုဘာ     ၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင်  အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လသာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်းကျောင်း (၁) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁) ကျောင်း  ရှိကြောင်း သိရသည်၊၊ အ.ထ.က(၂) လသာတွင် အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ အထက်တန်းအဆင့် မ (၇၄) ဦး၊ အလယ်တန်းအဆင့် မ (၁၅၀)ဦး၊ စုစုပေါင်း (၂၂၄)ဦး၊ အ.ထ.က(၁) လသာတွင် အထက်တန်း အဆင့် ကျား (၃၀)ဦး၊ မ (၈)ဦး၊ အလယ်တန်းအဆင့် ကျား(၈၀)ဦး၊မ(၃၉)ဦး၊ စုစုပေါင်းကျား (၁၁၀) ဦး၊ မ(၄၇)ဦး၊ အ.လ.က (၁) လသာတွင် အလယ်တန်း အဆင့်ကျား(၃)ဦး၊ မ(၂)ဦး စုစုပေါင်း(၅)ဦး၊ စံလသာ (ကိုယ်ပိုင်) အထက်တန်းကျောင်းတွင် အထက်တန်းအဆင့် ၊ကျား(၁၄)ဦး၊ မ(၄)ဦး၊ အလယ်တန်းအဆင့် ကျား (၂၉)ဦး၊ မ (၁၅)ဦး၊ စုစုပေါင်း ကျား(၄၃)ဦး၊ မ(၁၉)ဦး စုစုပေါင်း (၆၂) ဦး ရှိကြောင်းနှင့်  လသာမြို့နယ် တစ်မြို့နယ်လုံးတွင် ကျား(၁၅၆)ဦး၊ မ(၂၉၂)ဦး စုစုပေါင်း (၄၄၈)ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်နော်ဖောဇာထံမှ သိရသည်၊၊

မြို့နယ်(ပြန်/ဆက်)