ညောင်တုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ညောင်တုန်း အောက်တိုဘာ  ၉

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ညောင်တုန်းမြို့နယ်တွင် ``လူမှုဘဝပြည့်စုံဖို့ နိုင်ငံ သားကတ်ကို ကိုင်ကြစို့ ” ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေး  နိုင်ရေးကို ယနေ့ နံနက် ၉ နာရီအချိန်တွင်  ညောင်တုန်းမြို့နယ်ဆင်ထုံးကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးဌာနမှူး ဦးကျော်ဇေယျ ဦးဆောင်သော ဝန်ထမ်းများမှ မိမိတို့မြို့နယ်တွင် နေထိုင်ကြသော ပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေးစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက်  ရပ်ကွက်/ကျေး ရွာများသို့ ကွင်းဆင်ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့တွင် အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစီစစ်ရေးကတ်ပြား မရှိသူ ( ၂၉၈) ဦးတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်( ပြန်/ဆက်)