တပ်ကုန်း အောက်တိုဘာ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် ပဉ္စမရက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီက အောင်ဇေယျရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းဝန်း၌ ကာကွယ်ဆေးထိုးစုရပ်တွင် ထိုးနှံပေးသည်။
ထိုကာကွယ်ဆေးထိုးနှံမှု ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ပြည်သူများအား သတ်မှတ်နေရာများ ပို့ဆောင်ပေးခြင်း၊ လိုအပ်သည့်ကူညီမှုများဆောင်ရွက် ပေးခြင်း၊ စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း စသည်တို့ကို စနစ်တကျ ဆောင်ရွက်ပေးခြင်းနှင့် ပထမရက်တွင် လူဦးရေ(၉၉၈)ဦး၊ ဒုတိယရက်တွင် လူဦးရေ(၁၈၃၅)ဦး၊ တတိယရက်တွင် လူဦးရေ(၁၇၈၈)ဦး၊ စတုတ္ထရက်တွင် လူဦးရေ(၁၅၃၅)ဦး စုစုပေါင်း (၆၁၅၆)ဦး လာရောက် ထိုးနှံကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အသက်(၁၈)နှစ်အထက် ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ မသန်စွမ်းသူများအား ကျန်းမာ ရေးညွှန်ကြားချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဆေးထိုးအဖွဲ့နှင့် တပ်ကုန်း တပ်နယ် ဆေးအဖွဲ့တို့က ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူစိုးနှင့် အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက လိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။
တင်စိုးလွင်