ဘိုကလေး အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အသက်(၁၂)နှစ်နှင့််အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေး ထိုးနှံရေးအတွက် ယနေ့နံနက်(၁၀:၃၀) အချိန်၌ ဘိုကလေးမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကုတင် (၁၀၀)ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်သူထက်၊ မြို့နယ်ပညာရေးမှူး ဦးကျင်ရွှေနှင့် မြို့နယ်တွင်းမှ အလယ်တန်း၊ အထက်တန်းကျောင်းအုပ်ကြီးများ တက်ရောက်ကြပြီး ကျောင်းသား/သူများအား အောက်တိုဘာ(၁၂)ရက်နေ့မှစ၍ (၂)ပတ်အတွင်း အပြီးသတ် ကာကွယ်ဆေး ထိုးပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံစုရပ်များ ဘိုကလေးမြို့ပေါ် အပါအဝင် မြင်းကကုန်းကျေးရွာ၊ စက်ဆန်းကျေးရွာ၊ ကဒုံကနိကျေးရွာ တို့တွင်ထားရှိ ဆောင်ရွက်သွားမည့်အပြင် လိုအပ်လာပါက အရန်စုရပ်များဖြင့်ပါ အားဖြည့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးဆုံးဖြတ်ကြသည်။
ဘိုကလေးမြို့တွင် အသက်(၁၂)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးပေးရမည့် ကျောင်းသား/သူပေါင်း မှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/သူများ အပါအဝင်(၁၇၀၀၀)ကျော် ရှိကြောင်းနှင့် ဆေးထိုးရမည့် ကျောင်းသား/သူများ ကျန်ရှိမှုမရှိစေရေး တာဝန်ရှိသူများမှ အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)