ခေါဇာ အောက်တိုဘာ ၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ဦးစားပေး အုပ်စုအလိုက် စက်တင်ဘာ ၁၆ ရက်နေ့မှစ၍ ကာကွယ်ဆေးများကို စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစ၍ ခေါဇာမြို့ မြို့လယ်ဘုရားဓမ္မာရုံ စုရပ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသော အသက်(၁၈)နှစ်နှင့်အထက်ဒေသခံပြည်သူများ အားကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများအား ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာသို့ ကာကွယ်ဆေးထိုးနှံရေးအဖွဲ့ အမှတ်(၉)အဖွဲ့ခေါင်းဆောင် ခေါဇာမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံရေးအဖွဲ့ အမှတ်(၉)ဖြစ်သော ခေါဇာမြို့ မြို့လယ်ဓမ္မာရုံးစုရပ်တွင် ယနေ့နံနက်ပိုင်းအထိ တတိယအသုတ် (ပထမအကြိမ်) အဖြစ်ကာကွယ် ဆေးထိုးနှံပြီးသော ဒေသခံပြည်သူ(၂၆၇၀)ဦးရှိပြီဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ခေါဇာ(ပြန်/ဆက်)