ချောင်းဆုံ၌ ပန်းခင်းစီမံချက်ဖြင့်   နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်အရောက် နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ      အောက်တိုဘာ     ၉

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေးတို့အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက ပန်းခင်းစီမံချက်ဖြင့်  ကွင်းဆင်းဆောင်ရွက်ပေးသည်။

ကွင်းဆင်းဆောင်ရွက်ပေးရာတွင်  အသက် ၁၆ နှစ်နှင့်အထက်  ကိုင်ဆောင်လက်မှတ် မရှိသေးသူများကို အဓိကထားဆောင်ရွက်ပေးခြင်းအပြင် အသက် ၁၀ နှစ်နှင့်အထက ပြည့်ပြီးသူတိုင်း နိုင်ငံသားကတ်  အသစ်ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် ပျောက်ဆုံးခြင်းများကို နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရာတွင် သတ်မှတ်ထားသည့် အထောက်အထာများ ပြည့်စုံစွာဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး၊ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးသည်။ ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးခြင်းသည် ပြည်သူများအား “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေ ၃ ရက်မှ စတင်ကာ  ၂၀၂၂ ခုနှစ်၊  နိုဝင်ဘာ ၃ ရက်နေ့အထိ  ၁၈ လတာ  ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း  သိရသည်။

သူဇာ(ပြန်/ဆက်)