ဂွ အောက်တိုဘာ ၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အောက်တိုဘာ (၁၁)ရက်နေ့မှစ၍ အောက်တိုဘာ(၁၅)ရက်နေ့အထိ အသက်(၁၈)နှစ်အထက် ပြည်သူများကို ဂွမြို့စုရပ် ဖြစ်သည့် သာသနာ့ဗိမ္မာန်၊ ဆပ်သွားစုရပ်ဖြစ်သည့် ဆပ်သွားအ.ထ.ကနှင့် ကျိန္တလီ ထွေ/အုပ်ခန်းမတို့တွင် ၅ရက်တိုင်တိုင် ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဂွမြို့နယ်အနေဖြင့် တတိယအသုတ် (ပထမအကြိမ်) ၁၈နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးအတွက်ရရှိသည့် ကာကွယ်ဆေးအလုံး (၅၀၀)တွင် ဂွမြို့စုရပ်အတွက် ရရှိကာကွယ်ဆေးအလုံးရေ (၁၆၀)၊ ထိုးနှံနိုင်မည့်လူဦးရေ (၈၀၀)အားလည်းကောင်း၊ ဆပ်သွားစုရပ်အတွက် ရရှိကာကွယ်ဆေး အလုံးရေ(၉၀)၊ ထိုးနှံနိုင်မည့် လူဦးရေ(၄၅၀)အားလည်းကောင်း၊ ကျိန္တလီစုရပ်အတွက် ရရှိကာကွယ်ဆေး အလုံးရေ (၂၅၀)၊ ထိုးနှံနိုင်မည့် လူဦးရေ (၁၂၅၀)အားလည်းကောင်း စုရပ်အလိုက် အောက်တိုဘာ (၁၁)ရက်နေ့မှစ၍ အောက်တိုဘာ(၁၅)ရက်နေ့အထိ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူ(၂၅၀၀)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရွှေရည်ဝင်းကျော်