သံဖြူဇရပ် အောက်တိုဘာလ ၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးကို အသက်(၁၂)နှစ်အထက်ကျောင်းသား၊ ကျောင်းသူများ အောက်တိုဘာလ ၁၂ ရက်နေ့မှ စတင်ထိုးနှံ ပေးသွားဖြစ်ကြောင်း အသိပေး နှိုးဆော်ခြင်းလုပ်ငန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် များနှင့် လူစည်းကားရာ လမ်းဆုံလမ်းဂွများ၌ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှည့်လည်နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ဆေးထိုးအဖွဲ့ (၇)ဖွဲ့နှင့် ဆေးထိုးစုရပ် (၅၈)နေရာ သတ်မှတ်ပြီး ကျောင်းအရောက် ဆေးကိုလိုက်လံ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
သီတာဝင်း (ပြန်/ဆက်)