အခြေခံပညာကျောင်းမှ အသက်၁၂နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်၁၉-ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ ကျောင်းသားတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ကျိန္တလီ အောက်တိုဘာ ၉

မေး။     သားရဲ့အသက်က ဘယ်လောက်ရှိပြီလဲ။

ဖြေ။     သားရဲ့အသက်က ၁၆နှစ်ပါ။

မေး။     ဘယ်နှစ်တန်းတက်နေတာလဲ၊ ဘယ်ကျောင်းမှာ တက်နေတာလဲ။

ဖြေ။     သားက ကျိန္တလီ အ-ထ-က မှာ ပညာသင်ကြားနေတဲ့ Grade-11ကျောင်းသားပါ။

မေး။     သားတို့စာသင်ကျောင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးတော့မှာဆိုတော့ သားအနေနဲ့ ၊ ကာကွယ်ဆေးထိုးမှာလား။

ဖြေ။     ဟုတ်ကဲ့၊ သားကာကွယ်ဆေးကို ထိုးမှာပါ။

မေး။     ကာကွယ်ဆေးတွေ ထိုးပြီးရင်ကျောင်းတွေလဲ ပြန်ဖွင့်တော့မှာဆိုတော့ ကာကွယ်ဆေးထိုးထား ရင်ရောဂါကူးစက်မှုအတွက် ဘယ်လိုယုံကြည်ချက်တွေ ရှိလာမလဲ။

ဖြေ။     ကာကွယ်ဆေးထိုးထားရင် မတော်တဆ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံခဲ့ရရင်တောင်မှ အသက် အန္တရာယ်သေဆုံးခြင်းမှ ကာကွယ်မယ်လို့ ယုံကြည်ပါတယ်။

မေး။     ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမှုအပေါ် သားရဲ့သူငယ်ချင်းတွေကို ဘယ်လိုမျှဝေပေးချင်သလဲ၊ သူတို့ကို ကာကွယ်ဆေးထိုးဖို့ ဘယ်လိုတိုက်တွန်းချင်သလဲ။

ဖြေ။     ကိုဗစ် ကာကွယ်ဆေးထိုးထားခြင်းသည် မိမိအတွက်သာမက ကမ္ဘာကြီးအတွက်ပါ အကောင်းဆုံး ဖြစ်ပါတယ်။ မတော်တဆ ရောဂါကူးစက်ခံရသည်ရှိသော် ရောဂါပိုးကို အကောင်းဆုံးခုခံနိုင်ပြီး အသက်အန္တရာယ်နှင့် သေဆုံးမှုကို လျော့ပါးစေနိုင်ပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းသည် မိမိပတ်ဝန်းကျင်၊ ရပ်ရွာ၊ တိုင်းပြည်၏ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး၌ များစွာအထောက် အကူဖြစ်စေပါတယ်။ဒါကြောင့် ကျောင်းသား၊ ကျောင်သူများ အနေဖြင့် ကိုဗစ်ကာကွယ်ဆေး ထိုးကြရန် တိုက်တွန်းချင်ပါတယ်။

မေး။     အခြားဖြည့်စွက် ပြေချင်တာရှိရင် ဖြေပေးပါ။

ဖြေ။     ကမ္ဘာသူ ကမ္ဘာသားများ အားလုံး ကိုဗစ်-၁၉ရောဂါဘေးမှ အမြန်ဆုံး ကျော်လွှားနိုင်ပါစေ၊ ကျောင်းတွေလဲ အမြန်ဆုံးဖွင့်နိုင်ပါစေလို့ သားဆုတောင်းပါတယ်။ အခုလို ကျောင်းသားအားလုံးရဲ့ ကိုယ်စား ဖြေကြားခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ခိုင်မိုးမင်း(ပြန်/ဆက်)