မိတ္ထီလာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့်   နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်

မိတ္ထီလာ  အောက်တိုဘာ  ၁၁

 မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းတို့ကို ယနေ့ နံနက်က ပြည်သာယာမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

 လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ဆောင်ရွက်လိုသူများကို သတ်မှတ်ထားသည့် စီမံချက်ကာလအတွင်း အချိန်မီပြီးစီးရေး မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကြိုင် ဦးဆောင်၍ အဖွဲ့သုံးဖွဲ့ဖြင့် မေလ ၃ ရက်နေ့မှ စတင်၍ ရပ်ကွက်(၁၄)ခုနှင့် ကျေးရွာ အုပ်စု(၅၈)အုပ်စုတို့ကို ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်ကျေးရွာများတို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ  ပြည်သာယာ မြောက်ရပ်ကွက်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ဆောင်ရွက်လိုသူများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ၊ မိတ္ထီလာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်လျှက်ရှိသည်။ အဆိုပါကွင်းဆင်း ဆောင်ရွက်ရာတို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မိတ္ထီလာခရိုင်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အုန်းသန်း၊ မိတ္ထီလာမြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကြိုင်နှင့် တာဝန်ရှိသူများ က ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

 မိတ္ထီလာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေး စာရင်းများကို ရပ်ကွက်ကျေးရွာများတို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ရပ်ကွက် (၆)ခု၊ ကျေးရွာအုပ်စု (၂၉)စုနှင့် တပ်ရင်း (၇)ရင်းတို့မှ နိုင်ငံသားစိစစ်ရေးကတ်မရှိသူ အသက် (၁၆)နှစ်နှင့် အသက် (၁၈)နှစ်ကြား (၃၈၀)ဦး၊  အသက် (၁၈)နှစ်နှင့်အထက် (၁၄၁၂၁)ဦးနှင့် အိမ်ထောင်စုစာရင်း (၃၇၇)ခုတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း   သိရသည်။

 သိန်းမြင့်ကျော်(မိတ္ထီလာ)