တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးနှိုးဆော်

တောင်သာ အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များသို့ အခြေခံပညာကျောင်းများမှ  အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရေးနှိုးဆော်ခြင်းကို  ယနေ့ နံနက်(၉)နာရီအချိန်ကလိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

အဆိုပါနှိုးဆော်ချက်များတွင်   အသက်(၁၂)နှစ်အထက်  ကျောင်းသား/ကျောင်းသူများအား  ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးများအား (၁၂-၁၀-၂၀၂၁) ရက်နေ့မှစ၍ (Sinovac) ကာကွယ်ဆေးများကိုဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီးကျေးရွာများသို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင်အခက်အခဲမရှိရအောင်  စုရပ်များဖြစ်ကျသော ဝဲလောင်ကျေးရွာ၊ ကျောဇီကျေးရွာ၊ ရုံးစည်ကြီးကျေးရွာ၊ဆင်ဖြူကျေးရွာ၊ တောင်သာ (အ.ထ.က)ကျောင်းများသို့ ကျောင်းသား/ကျောင်းသူများလာရောက်ထိုးနှံကြပါရန်၊ မိဘအုပ်ထိန်းသူများ၏ခွင့်ပြုချက်များနှင့် မှတ်ပုံတင်များယူဆောင်ခြင်း၊ မှတ်ပုံတင် မရှိပါကမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဦးစီးဌာနမှ ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

တောင်သာမြို့နယ်  ရပ်ကွက်/ကျေးရွာများသို့  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်သဘာဝ ဘေးနှင့်စီမံခန့်ခွဲရေးဦးစီးဌာနတို့ကပူးပေါင်းဆောင်ရွက်၍လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)