တောင်သာ အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၅၅) နှစ်အထက်ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့်စုရပ်(၃)နေရာအားထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm (5 Dose) ကာကွယ်ဆေးအလုံး (၂၉၀၈)၊ လူဦးရေပေါင်း(၅၈၁၆)ဦးကိုစတင်ထိုးနှံပေးခြင်းအား မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရနှင့်အဖွဲ့ဝင်ဗိုလ်မှူးအောင်ကိုကို၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊မီးသတ်တပ်
ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများကပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်သာ(အထက)ကျောင်းတွင် အသက်(၅၅)နှစ်အထက်ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်နှင့် အခြားကျန်ရှိနေသူများ ကိုလည်းကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေးအလိုက် နေ့စဉ်ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)