ငွေဆောင် အောက်တိုဘာ ၁၁
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ခရိုင်၊ ငွေဆောင်မြို့အတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူများ အေးချမ်းသာယာစွာ နေထိုင်နိုင်ရေး၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ယာဉ်များအား ပိတ်ဆို့ရှာဖွေ ခြင်းများကို ယနေ့နံနက် ၇ နာရီချိန်တွင် တာဝန်ရှိသူများမှ စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်းသိရသည်။ ယင်းသို့ စစ်ဆေးရာတွင် ငွေဆောင်မြို့ ဌာနဆိုင်ရာများနှင့် လုံခြုံရေးပူးပေါင်းအဖွဲ့တို့ဖြင့် မြို့အဝင်ဂိတ်၊ မြို့မလမ်းဆုံ၊ ကမ်းခြေဆင်းလမ်း တို့တွင်ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များကို ရပ်တန့်စေပြီး ပိတ်ဆို့စစ်ဆေးရှာဖွေခဲ့ကြသည်။
ငွေဆောင်မြို့အတွင်းသို့ ပင်လယ်ဘက်မှ ဘင်္ဂါလီများ ဝင်ရောက်မှုမရှိစေရန်၊ ယာဉ်အန္တရာယ် မတော်တဆဖြစ်မှုများနှင့် အခြားမလို လားအပ်သည့် အန္တရာယ်များ မဖြစ်ပေါ်စေရန်အတွက် ယခုကဲ့သို့ စစ်ဆေးဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မူမူ (ငွေဆောင်)