ဗန်းမော်မြို့တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာစေရန် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲနည်း အသိပညာပေး Talk Show ပြုလုပ်

ဗန်းမော်       အောက်တိုဘာ      ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဒေသခံတောင်သူများအား  သီးနှံအထွက်နှုန်း တိုးစေရန်နှင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကုန်ကျစရိတ်သက်သာသော သဘာဝမြေဩဇာများကို ပြုလုပ်သုံးစွဲလာစေရန်ရည်ရွယ်၍  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက် လာစေရန် သဘာဝမြေဩဇာများပြုလုပ်သုံးစွဲနည်းအသိပညာပေး Talk Show ကို အောက်တိုဘာ ၁၁ ရက် နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြသက်ဦးက အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားပါသည်။

ထို့နောက် ဗန်းမော်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စောနိုင် (မြေအသုံးချရေး တာဝန်ခံ) က သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများ၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ သဘာဝမြေဩဇာအဖြစ် အသုံးပြုသောကုန်ကြမ်းများ၊ တောင်သူများအနေဖြင့် ကုန်ကျစရိတ်သက်သာပြီး ဆောင်ရွက်နိုင်သော သဘာဝမြေဩဇာ ပြုလုပ်နည်းနှင့် ပြုလုပ်ပုံများ၊ အီးအမ်ဘိုကာရှီ(ကောက်ရိုး)မြေဆွေးပြုလုပ် သုံးစွဲနည်းများ၊ မြေဆီလွှာတွင် မြေချဉ်ခြင်း၊ ငန်ခြင်းများ ဖြစ်ပေါ်လာပါက မြေဆီလွှာကုစားနည်းများ၊ သစ်စိမ်းမြေဩဇာထည့်သွင်းခြင်းအကြောင်းနှင့် ထုံးထည့်မြေပြင်ခြင်း အကြောင်းများ ကိုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)