လေရှီး အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျန်းမာရေး ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် ယမန်နေ့နံနက် (၁၀) နာရီအချိန်က လူနာ(၇)ဦးနှင့် လူနာစောင့်(၁၃)ဦးတို့အား Swab နမူယူ၍ RDT Test Kit ဖြင့်စစ်ဆေးကြည့်ရာ (၃)ဦးမှာ Positive အဖြေ ထွက်ရှိခဲ့ကြောင်း သိရသည်။
၎င်းပိုးတွေ့လူနာ(၃)ဦးအား လေရှီးမြို့နယ်ပြည့်သူ့ဆေးရုံရှိ(Positive Center)တွင်(Community Based Facility Quarantine) ၁၀ ရက်ထားရှိသွားမည်ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း လေရှီးမြို့၌ အဆိုပါပိုးတွေ့လူနာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်ကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က စောင့်ကြည့် စစ်ဆေးလျက်ရှိပြီး မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများအား အထက်တန်းသူနာပြု၊ သူနာပြု ဆရာမ များနှင့် ကျန်းမာရေးဝန်ထမ်းများက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဆိုင်းသား(လေရှီး)