မေတ္တာ အောက်တိုဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေး(ပထမအကြိမ်)ထိုးနှံပေးခြင်းကို ထားဝယ်မြို့နယ်၊ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်တွင် မေတ္တာမြို့ မိုးလုံလေလုံ တွင်ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးအခြေအနေအပေါ်မူတည်၍ ကာကွယ်ဆေးများထိုးနှံပေး လျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မေတ္တာမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းက အနီးကပ်ကြီးကြပ်ကာဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ အဖွဲ့ဝင် များကဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နန်းခလိုက် (မေတ္တာ)