မြိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကျောက်ခွက်-လက်ပံတို-အရာတော်ရေနံနှင့် သဘာဝ ဓါတ်ငွေ့မြေမှ CSR ရန်ပုံငွေဖြင့် ခွဲစိတ်သုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်း ပေးအပ်

မြိုင် အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကျောက်ခွက်-လက်ပံတို-အရာတော်ရေနံနှင့် သဘာဝဓါတ်ငွေ့မြေမှ CSR ရန်ပုံငွေဖြင့် ခွဲစိတ်သုံး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန်းထိုက်က အဖွင့်အမှာစကား ပြောကြားပြီး ကျောက်ခွက်ရေနံမြေမှ ကြီးကြပ်ရေးအင်ဂျင်နီယာ ဦးဝင်းစည်သူက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် CSR ရန်ပုံငွေဖြင့် ခွဲစိတ်သုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းရခြင်း အကြောင်းများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ကျောက်ခွက်-လက်ပံတို-အရာတော်ရေနံနှင့် သဘာဝဓါတ်ငွေ့မြေ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် CSR ရန်ပုံငွေဖြင့် မြိုင်မြို့နယ် ပြည်သူ့ဆေးရုံအတွက် Dirthermy ()ခု၊ Powerd Air Purifying Respirator(PAPR) ()ခု၊ ECG စက်() လုံးနှင့် Air Con()လုံး၊ မြိုင်မြို့Quarantine Center ကိုင်းတောမ တိုက်နယ်ဆေးရုံ၊ ဂွေးကုန်း၊ တောင်ရိုး၊ တောင်စုံ၊ တဲကြီး ကျေးရွာများတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ ကိုင်းတောမတိုက်နယ် ဆေးရုံအတွက် သားဖွားခန်းသုံးပစ္စည်းများ၊ မြို့နယ်အတွင်းရှ ိကျေးရွာများအတွက် ခြင်ဆေးဖြန်းစက်()ခု၊ ခြင်ဆေးဖြန်းဆေးရည်(၁၁)ဘူး၊ Oxygen အိုး (၁၇)လုံး၊ Flow Meter (၂၀) ခု၊ လက်ဆေးဘေစင် (၁၂)ခု တို့ကို  တာဝန်ရှိသူများက လှူဒါန်းပေးအပ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက  လက်ခံရယူ ခဲ့ကြကြောင်း သိရသည်။

သူရ(ပုံတောင်)