ခမောက်ကြီးမြို့တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း လိုက်လံ နှိုးဆော်

ခမောက်ကြီး အောက်တိုဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်ပြည်သူ့ ဦးစီးဌာနက ထိုးနှံပေးသည့် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ အောက်တိုဘာလ ၁၃ ရက်နေ့၌ ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်  ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းသည် ခမောက်ကြီးမြို့တွင် စတုတ္ထသုတ်အနေဖြင့် ထိုးနှံပေးမည်ဖြစ်ပြီး  အသက်၁၈နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်ထိုးနှံပေးမည် ဖြစ်ပြီး၊ ဆေးထိုးနှံကြမည့် ရပ်ကွက် နေပြည်သူများအနေဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် သက်ဆိုင်ရာ ရာအိမ်မှူးများထံမှ တုံကင်နံပါတ်ပြားများအား ကြိုတင်ထုတ်ယူ နိုင်ပါကြာင်းကိုလည်း ဆော်ဩသူနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် များက ယမန်နေ့ညက ခမောက်ကြီးမြို့အတွင်း လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ရူပါမြင့် (ခမောက်ကြီး)