ပလောက် အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပလောက်မြို့အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနိုင်ရန် ဆောင်ရွက် ထားရှိမှုအခြေအနေနှင့်ပတ်သက်၍ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးဝေနှင့်တွေ့ဆုံ မေးမြန်း ထားသည်ကို ယခုလိုဖော်ပြ လိုက်ပါသည်။
ဦးမျိုးဝေ ( မြို့အုပ်ချုပ်ရေးမှူး ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန )
မေး။ ။မကြာမီအသက် ၁၂နှစ်နှင့် အထက်ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး ပေးမယ်လို့ကြား သိရပါတယ်ရှင့်။ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆရာ တို့မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပညာရေးဌာန တို့ ပူးပေါင်းစီစဉ်ထားရှိမှုနဲ့ ကာကွယ်ဆေးထိုးနှံပေးဖို့ကိုပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိချင်ပါတယ် ဆရာရှင့်။
ဖြေ။ ။ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့အမျိုးသားကာကွယ်ဆေးထိုးရေးကြီးကြပ် မှုဗဟိုရဲ့ညွှန်ကြားချက်နှင့်အညီ ကာကွယ်ဆေးထိုးမယ့် စာရင်းများကို သတ်မှတ်ပုံစံများဖြင့် စာရင်းရေးသွင်းခြင်း၊ ကွန်ပျူတာ စာရင်းသွင်းခြင်းနည်းပညာများကို သင်တန်းပေး ဆောင်ရွက် ခြင်း၊ ဆေးထိုးကတ်ပြားများ ကြိုတင်စီမံထားခြင်း၊ ဆေးထိုးမည့်စုရပ်နေရာအလိုက် တာဝန်များ ခွဲဝေထားရှိသည့်အပြင်လုံခြုံရေးအစီအမံများ၊အရေးပေါ် ကုသဆောင် ရွက်ရန်လိုအပ် သောသူ များအတွက် အရေးပေါ်ယာဉ်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပါတယ်။
မေး။ ။ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမယ့်စုရပ်ရဲ့ နေရာလေးတွေသိချင်ပါတယ် ဆရာ ရှင့်။
ဖြေ။ ။ပလောက်မြို့အတွင်းမှာ ကာကွယ်ဆေးထိုးနှံပေးမယ့်စုရပ်နေရာများကတော့ အမက (ပြည်ခြား)၊ အထက (ပြင်ဘုကြီး)၊ အလက(ပြင်ဘုငယ်)၊ အထက(ခန္တီ)၊ မူလွန်(မိကျောင်းဖြူ)၊ အလကခွဲ(ဆင်ထိုးကြီး)၊ အထကခွဲ (ကျောက်တောင်) ၊အထက(ပလောက်)၊ စုစုပေါင်း(၈) နေရာ ရှိပါတယ်။
မေး။ ။အသက်၁၂နှစ်နှင့်အထက်ကျောင်းသား/ကျောင်းသူတွေကိုစုရပ်မှာကာကွယ်ဆေးထိုးနှံဖို့ အတွက်အသိပေး ချက်တွေကို ဘယ်လိုဆောင်ရွက်ထားပါသလဲရှင်။
ဖြေ။ ။ကျောင်းများဖွင့်လှစ်နိုင်ခြင်း ပြုနိုင်တဲ့ နယ်မြေအသီးသီးမှာရှိတဲ့ ကျောင်းသား / ကျောင်း သူတွေကို ကာကွယ် ဆေးထိုး နှံနိုင်ဖို့အတွက် ပညာရေးဌာန၊ အုပ်ချုပ်ရေးဌာန အဖွဲ့အစည်း အဆင့်ဆင့်မှအသိပေးနှိုးဆော်ကြေညာခြင်း ကြေညာဆိုင်းဘုတ်နဲ့ ပိုစတာများကပ်ခြင်း၊မိဘ အုပ်ထိန်းသူများကို အသိပေးနှိုးဆော် ခြင်းတွေကိုစီစဉ်ဆောင် ရွက်ထားပါတယ်။
မေး။ ။ ကိုဗစ် ကာကွယ်ဆေးထိုးနှံရန် ကျောင်းသူ/သားများ၊ မိဘများက မည်သို့ လိုက်နာ ဆောင်ရွက်ရန် လိုပါသလဲဆရာ။
ဖြေ။ ။ကိုဗစ် ကာကွယ်ဆေးထိုးနှံရန် ကျောင်းသူ/သားများ အနေဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား၊ အိမ်ထောင်စုများကို ကိုင်ဆောင်၍ မိဘ(သို့)အုပ်ထိန်းသူက လိုက်ပါလာရပါ့မယ်။ အကယ်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား၊ အိမ်ထောင်စု မရှိပါက မိဘ(သို့)အုပ်ထိန်းသူက အသက် (၁၂)နှစ်ပြည့်ပြီး ဖြစ်ကြောင်း တာ၀န်ယူပေးရမှာ ဖြစ်ပါတယ်။ ဒါမှ ကျွန်တော်တို့ အနေ ဖြင့် ဆေးထိုးပေးသွားမှာ ဖြစ်ပါတယ်။
မေး။ ။ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမှုနဲ့ပတ်သက်ပြီး ရရှိမယ့်အကျိုးကျေးဇူးတွေ၊ မိဘနဲ့ ကျောင်းသား / ကျောင်း သူတွေပူးပေါင်းပါဝင်မှုရှိ လာအောင်တိုက်တွန်း စကားလေး ပြောပေးပါ ဆရာရှင့်။
ဖြေ။ ။“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးကြပါစို့ ” ဆိုတဲ့ဆောင်ပုဒ်ဖြင့် ကာကွယ်ဆေးဖြင့်လွှမ်းခြုံ အပ်သော အနာ ဂတ်ပန်းခင်းများဆီသို့ ရောက်အောင်ရည်ရွယ်ချက်ဖြင့် ကာကွယ်ဆေးထိုးနှံမှုပြုပေး မှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပေးမှုကြောင့် ကျောင်းသား/ကျောင်းသူတွေအနေနဲ့ ပညာသင် ယူခွင့် အခွင့်အလမ်းနဲ့ မိမိမှတဆင့်မိသားစုနှင့် ပတ်ဝန်းကျင်ကို ရောဂါကူးစက်ပြန့်ပွားမှုမှလည်း တားဆီးနိုင်မှာဖြစ်ပါတယ်။ မိဘနဲ့ကျောင်းသား/ ကျောင်းသူများမှလည်းကာကွယ်ဆေးထိုးနှံမှု အပေါ်နားလည်သဘောပေါက်ပြီး တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်းရေး ကိုရည်ရွယ်ဆောင်ရွက် နေတာဖြစ်လို့ ကာကွယ်ဆေးထိုးနှံမှုကို ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြဖို့ တိုက်တွန်း လိုပါတယ်။
မေး။ ။ ဆရာ့အနေနဲ့ဖြည့်စွက်ပြောကြားချင်တာများရှိရင်ပြောကြားပေးပါရှင့်။
ဖြေ။ ။ နိုင်ငံတော်အနေနဲ့ “ ကာကွယ်ဆေးဖြင့်လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ”ဆိုတဲ့ ရည်ရွယ်ချက် ဖြင့်ဒေသ အတွင်း ကျောင်းနေအရွယ် ကလေးများကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးတာဟာ မြန်မာနိုင်ငံ တစ်နိုင် တည်း မဟုတ်ဘဲ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊မလေးရှားနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံ တွေမှာလည်း ထိုးနှံ ပေးလျက်ရှိပါတယ်။ဒါကြောင့် မိဘတွေအနေနဲ့ မိမိတို့သား/သမီး တွေ ကျန်းမာပျော်ရွှင်စွာနဲ့ပညာ သင်ကြားနိုင်ဖို့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဖို့ကို အောင်မြင်အောင် ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက် ပေးစေလိုကြောင်း ဖြည့်စွက် ပြောကြားလိုပါတယ်။
အခုလိုပြောကြားပေးတဲ့အတွက်ဆရာ့ကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင့်။
နှင်းမြူလွင် (ပလောက်)