ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးကြဖို့အတွက် သတိပေးနှိုးဆော်ခြင်းများ ပတ်သက်၍ တွေ့ဆုံ မေးမြန်းခြင်း

ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် သတ်မှတ်နယ်မြေအလိုက် အခက်အခဲမရှိ အဆင်ပြေစွာ ထိုးနှံနိုင်အောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုနဲ့ ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်း ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူတွေကိုလည်း ကာကွယ်ဆေးထိုးကြဖို့အတွက် အသိပေး သတိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ထားပြီဖြစ်ပါတယ်ရှင့်…….

ပွင့်ဖြူ        အောက်တိုဘာ      ၁၁

ပွင့်ဖြူမြို့နယ်အတွင်း အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရေး အတွက် ကာကွယ်ဆေးထိုးနှံပေးမည့်အပေါ် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုနှင့် ပတ်သက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးနှင့် တွေ့ဆုံပြီး အောက်တိုဘာ ၁၁  ရက်က မေးမြန်းထားပါသည်။

မေး                နိုင်ငံတော်အစီအစဉ်နဲ့ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးဖို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေလေး သိပါရစေရှင့်။

ဖြေ။                 ကျွန်မတို့ မြို့နယ်ပညာရေးမှူးရုံးအနေနဲ့ တစ်မြို့နယ်လုံးရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ အလယ်တန်းကျောင်းခွဲ၊ မူလွန်ကျောင်းများအားလုံးကို စုပေါင်းပြီးတော့ ပညာရေးဝန်ထမ်းတွေကို  အဖွဲ့()ဖွဲ့ခွဲပြီးတော့ ကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသား၊ ကျောင်းသူများစာရင်းကို ကွန်ပျူတာနဲ့ စာရေးသွင်းခြင်းလုပ်ငန်းတွေ၊ စာရင်းဇယား ပြုစုခြင်းလုပ်ငန်းတွေ၊ နောက်ကျောင်းအုပ်ကြီးများ၏ ဦးဆောင်မှုနဲ့ ဆရာ၊ ဆရာမတွေကတစ်ဆင့် ကျောင်းသားကျောင်းသူ တွေ ကာကွယ်ဆေးထိုးနှံကြဖို့အတွက် ကိုဗစ်-၁၉ရောဂါရဲ့ ဆိုးကျိုးတွေကို အသိပညာပေးပြီး လှုံ့ဆော်စည်းရုံးခြင်းတွေ ဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်။ ခုဆိုရင် ကျွန်မတို့မြို့နယ်မှာ ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေး အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်ဖို့အတွက် ဆေးထိုးစုရပ် တွေမှာ လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေလည်း ဆောင်ရွက်ပြီးဖြစ်ပါတယ်ရှင့်။

မေး။                ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရမည့် အသက်(၁၂)နှစ်အထက် ကျောင်းသူ၊ ကျောင်းသား ဦးရေစာရင်းနဲ့ သတ်မှတ် ဆေးထိုးစုရပ်န ေရာလေးတွေ သိပါရစေရှင့်။ 

ဖြေ။                 ဟုတ်ကဲ့ ကျွန်မတို့ ပွင့်ဖြူမြို့နယ်မှာဆိုရင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသား၊ ကျောင်းသူ ဦးရေဟာဆိုရင် အလယ်တန်းအဆင့်မှာ ကျောင်းသား၊ ကျောင်းသူ ၃၈၆၁ ဦး အထက်တန်းအဆင့်မှာ ကျောင်းသား၊ ကျောင်းသူ ၁၅၁၄ ဦး၊ စုစုပေါင်း ၅၃၇၅ ဦးရှိပါတယ်။ ဆေးထိုးစုရပ်နေရာတွေကတော့ ပွင့်ဖြူ (..က)ကျောင်း၊ ရှောက်တောကျေးရွာ(..က)ကျောင်း၊ ကုန်းဇောင်းကျေးရွာ (..က)ကျောင်း၊ မဲဇလီကျေးရွာ(..က)ကျောင်း၊ လယ်ကိုင်းကျေးရွာ (..က) ကျောင်း၊ ကျောင်းတော်ရာကျေးရွာ (..က)ကျောင်းနဲ့ ထနောင်းကုန်းကျေးရွာ (..က) ကျောင်းတို့ပဲ ဖြစ်ပါတယ်ရှင့်။

မေး။                ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံဖို့အတွက် ကျောင်းသားမိဘတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဘယ်လိုတွေ အသိပေးဆောင်ရွက်ထားလဲ သိပါရစေရှင့်။

ဖြေ။                 ဟုတ်ကဲ့ပါရှင့် ကျွန်မတို့မြို့နယ်ပညာရေးမှူးရုံးအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဖို့အတွက်ကိုတော့ သူတို့နေထိုင်ရာ ရပ်ကွက်/ကျေးရွာတွေမှာရှိတဲ့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အကူအညီနဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကျောင်းသားမိဘတွေ သိရှိစေဖို့အတွက်  ကြိုတင်အသိပေး နှိုးဆော်ခြင်း၊  မဖြစ်မနေ ကာကွယ်ဆေးထိုးနှံကြဖို့အတွက်ကိုလည်း သက်ဆိုင်ရာ ကျောင်းအုပ် ဆရာမကြီးများက ဦးဆောင်ပြီးတော့ အတန်းပိုင်ဆရာ၊ ဆရာမတွေကို ကျောင်းသားကျောင်းသူတွေနဲ့ ကျောင်းသားမိဘတွေကို ဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ပညာပေးစည်းရုံး လှုံ့ဆော်ခြင်းတွေ ဆောင်ရွက်ထားပါတယ်ရှင့် ….  

မေး။                မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းများရှိ ဆရာ/ဆရာမတွေ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီး / မပြီး သိပါရစေရှင့်

ဖြေ။                 ဟုတ်ကဲ့ ကျွန်မတို့ ပွင့်ဖြူမြို့နယ်အနေနဲ့ ဆရာ/ဆရာမတွေ ကာကွယ်ဆေးထိုးနှံမှုဟာ (၉၀)ရာခိုင်နှုန်းလောက်  ထိုးနှံပြီးစီးပြီဖြစ်ပါတယ်။ ကျန်တဲ့(၁၀)ရ ာခိုင်နှုန်းကိုလည်း ကာကွယ်ဆေး ထိုးနှံဖို့အတွက် ဆွေးနွေးမှာကြား ထားပါတယ်ရှင့်…..

မေး။                ကျောင်းသားကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံတဲ့အခါမှာ အားလုံးအဆင်ပြေ ချောမွေ့စေဖို့အတွက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးမည့် ဌာနတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေကိုလည်း သိပါရစေရှင့်။ 

ဖြေ။                 ကျောင်းသား၊ ကျောင်းသူတွေ ကာကွယ်ဆေးထိုးနှံပေးရာမှာ အခက်အခဲမရှိ အဆင်ပြေပြေနဲ့ ထိုးနှံပြီးစီးနိုင်ရန်အတွက် ကျွန်မတို့ပညာရေးဌာနနဲ့ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးမည့် ဌာနများကတော့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့တွေက အားဖြည့်ပူးပေါင်း ကူညီဆောင်ရွက် ပေးကြမှာဖြစ်ပါတယ်ရှင့်

မေး။                ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံတာနဲ့ ပတ်သက်ပြီး ဆရာမကြီး အနေနဲ့ ဝမ်းသာပီတိ စကားသံလေးလည်း ပြောကြားပေးပါရှင့်။ 

ဖြေ။                 ဟုတ်ကဲ့ပါရှင့် ယခုလို နိုင်ငံတော်က ဦးဆောင်ပြီးတော့ ပညာရေးကဏ္ဍ မြှင့်တင်နိုင်ရန်အတွက် ရည်ရွယ်ပြီး ကျောင်းများပြန်လည်ဖွင့်ပြီးတော့ ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်ရောဂါဘယ ကင်းဝေးပြီး စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ယူခွင့် ရရှိအောင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကျောင်းသားမိဘများကိုယ်စား ဆရာမကြီးအနေနဲ့ အများကြီး ဝမ်းသာပါတယ်။ နိုင်ငံတော်ကိုလည်း ကျေးဇူးတင်ပါရှင့်။

အကြံပြုချက်။             နိုင်ငံတော်က ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန် မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်ပြီးတော့ ထိုးနှံပေးတာဖြစ်လို့ တပည့်သားသမီး ကျောင်းသား၊ ကျောင်းသူလေးတွေကလည်း မဖြစ်မနေ ကာကွယ်ဆေး ထိုးနှံကြဖို့ အကြံပြုတိုက်တွန်း ပြောကြားလိုပါတယ်ရှင့် ……

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ                     

တွေ့ဆုံမေးမြန်း - ဒေါ်ခင်ဝါဝါလှိုင် မြို့နယ်ဦးစီးမှူး (မြို့နယ်ပြန်/ဆက်)

သတင်းဓာတ်ပုံ - ရဲဝင်းနိုင် ( ညောင်ဦး )