သာရဖုံကျေးရွာအုပ်စုအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဖိုးနှံပေးနေမှုအား မြို့နယ်ဆရာဝန်ကြီးက ကြီးကြပ်စစ်ဆေး၍ ဖျားနာနေသူများကို RDT စစ်ဆေးပေး

တနင်္သာရီ အောက်တိုဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းသည် အရှေ့မော်တုန်းကျေးရွာ၊ ကျန်းမာရေး ဌာန လ/ထကျန်းမာရေးမှူး ဦးကျော်အောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ် (၂) ဦးရဲထက်ဟိန်း၊ မြို့နယ်ကိုဗစ်ထိစပ်သံသယလူနာသယ်ယူပို့ဆောင်ရေးအဖွဲ့ တာဝန်ခံ ဦးသီဟသူနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်အတူ သာရဖုံကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၈)နှစ်အထက် ဒေသခံမိဘပြည်သူများကို သာရဖုံရွာကျေးရွာကျေးလက်ကျန်းမာရေး ဌာန(ခွဲ) တာဝန်ခံဆရာမဒေါ်ငြိမ်ငြိမ်းအိနှင့်ပရဟိတလူငယ်အဖွဲ့တို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုများကို ယမန်နေ့က ကြီးကြပ်မှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းက ဆေးထိုးစုရပ်အတွင်း ကာကွယ်ဆေးထိုးနှံမှုခံယူနေကြသည့် ဒေသခံပြည်သူများအား နေအိမ်မှ အပြင်သို့ ထွက်တိုင်း မဖြစ်မနေ Mask ကိုစနစ်တကျ တပ်ဆင်ကြပါရန်၊ ကျန်းမာရေးဝန်ကြီး ဌာန လမ်းညွှန်ချက်များအတိုင်း သွားလာပြုမူနေထိုင်ကြပါရန် အသိပညာပေးအမှာစကား ပြောကြားပြီး ကျန်းမာရေးဌာန ဆရာမများနှင့် ပရဟိတအဖွဲ့များကိုလည်း အားပေးစကားပြော ကြားခဲ့ကြောင်း သိရသည်။

 ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီးဒေါက်တာအောင်သိုက်ထွန်း၏ လမ်းညွှန်မှုအရ ၎င်းသာရဖုံ ကျေးရွာအုပ်စုအတွင်း ဖျာနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အနံ့ပျောက်ခြင်း ခံစားနေရသော ဒေသခံ(၁၂)ဦးတို့အား ကြီးကြပ်(၂)ဦးရဲထက်ဟိန်း၊ မြို့နယ်ကိုဗစ်ထိစပ်သံသယလူနာသယ် ယူပို့ဆောင်ရေးအဖွဲ့တာဝန်ခံ ဦးသီဟသူနှင့် မြို့နယ်ကြက် ခြေနီတပ်ဖွဲ့ဝင်များက ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိသိရှိနိုင်ရန် RDT Test-Kit ဖြင့် စစ်ဆေးပေးရာလူနာသစ်(၅)ဦးတွင် ရောဂါပိုးအတည်ပြုတွေ့ရသဖြင့် ၎င်းပိုးတွေ့လူနာ(၅)ဦး အား အသွားအလာကန့်ထားရှိပြီး ဆေးဝါးကုသမှုပြုပေးနိုင်ရန်အတွက် အလက(ခွဲ) သာရဖုံ အနောက်ကျောင်းအား Covid-19 Positive Centre အဖြစ် တိုးချဲ့ဖွင့်လှစ်၍ ကျေးလက် ကျန်းမာရေးဌာန(ခွဲ) တာဝန်ခံဆရာမ၊ဒေသခံပရဟိတလူငယ်များ အဖွဲ့ဝင်များနှင့် ပူးပေါင်းစီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

  အလားတူ ပိုးတွေ့ရှိသူများနှင့်ထိစပ်သည့် မိသားစုဝင်များအား ရောဂါပိုးကူးစက်ပျံ့နှံ့မှုမှ ထိန်းချုပ်နိုင်စေရန် ၎င်းတို့၏နေအိမ်များအား Lock Down ချထား၍ (၁၄)ရက်အကြာ အသွား အလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုထားရှိကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း