ပုဗ္ဗသီရိ အောက်တိုဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများအား စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနံရန် ကျန်ရှိနေသည့် ဦးတည်အုပ်စုအလိုက် ပြည်သူများအား ယနေ့နံနက် ၉ နာရီတွင် အမှတ် ၂၀ အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာသိမ့်သိမ့်ထွေးနှင့် ဝန်ထမ်းများ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့များက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စနစ်တကျမှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်ပြီး ပုံမှန်အနေအထားရောက်မှသာ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီး ဆေးထိုးပြီးသူများကိုလည်း မိနစ် ၃၀ ခန့်အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် အနေဖြင့် ဒုတိယအသုတ် (First Dose) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား (၅-၁၀-၂၀၂၁) ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးလာရောက်ထိုးနှံသူစုစုပေါင်း (၇၂၄၀)ဦး ထိုးနှံပေးပြီး ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
မျိုးသီဟ (ပြန်/ဆက်)