သရက်ချောင်း အောက်တိုဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ လမ်းညွှန်ချက်များ အရ ယမန်နေ့ နေ့လည် (၂)နာရီ အချိန်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိ လူစည် ကားရာ လမ်းဆုံ နေရာများတွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများကို (ပထမအကြိမ်) ကာကွယ် ဆေးထိုး နှံပေးလျက်ရှိရာ လာရောက်ထိုးနှံကြပါရန်၊ အခြေခံပညာကျောင်းများ တွင်ပညာသင်ကြား လျက်ရှိသော အသက် (၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများအား အသံချဲ့စက်ဖြင့် အသိပေးနှိုး ဆော်လျက်ရှိကြောင်းသိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်မှု ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ မီးသတ် ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မီးသတ်ရေယာဉ်ဖြင့် လှည့်လည်ကာ မြို့ပေါ်ရပ်ကွက်ရှိ လူစည် ကားရာလမ်းဆုံနေရာများတွင် လိုက်လံနှိုးဆော်ရာ၌ ကိုဗစ်-၁၉ ရောဂါသည် လျှင်မြန်စွာ ကူးစက်ပျံ့ပွားနေသဖြင့် ကူးစက် ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်၊ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးမထိုးနှံ ရသေးသည့် အသက်(၁၈)နှစ်ပြည့်ပြီး သူများကို(ပထမအကြိမ်) ထိုးနှံပေးသွား မည်ဖြစ်ရာ လာရောက် ထိုးနှံကြပါရန်၊ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအ တွက် လိုက်နာရမည့် နည်းလမ်းများ၊ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံထားပြီး ဖြစ်သော အသက် (၁၂)နှစ် အထက် အလယ်တန်း၊အ ထက်တန်း ကျောင်းသား/ ကျောင်း သူများ ၊ဘုန်းတော်ကြီး ပညာသင် ကျောင်းနှင့်ပုဂ္ဂိကကိုယ်ပိုင်ကျောင်းများတွင် ကျောင်း အပ်နှံထားရှိသူများအား(ပထမအကြိမ်) ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးအားဆေးထိုးရန် စုရပ် ( ၃ ) နေရာဖြစ်သော အခြေခံပညာအထက်တန်းကျောင်း (သရက်ချောင်း)၊ ရငဲ ကျေးလက် ကျန်းမာရေး ဌာနနှင့် ပဲဒက်တိုက်နယ်ဆေးရုံတို့တွင် ကာကွယ်ဆေးများထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ အသက်(၁၂)နှစ် မပြည့်သူများ၊ သွေးမတိတ်ရောဂါ ၊ခန္ဓာကိုယ်ခုခံ အားနည်းသူများ၊ ဆီးချိုရောဂါ၊အတက်ရောဂါ ရှိသူများနှင့် လတ်တလော ဖျားနာ နေသော သူများကိုကာကွယ် ဆေးထိုးနှံခွင့် မပြုကြောင်း၊ ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား / ကျောင်းသူ များအား မိဘအုပ်ထိန်းသူများကိုယ်တိုင်ပို့ ဆောင်ထိုးနှံပေးကြရန်၊ မှတ်ပုံတင် ရှိပါက တစ်ပါတည်းယူဆောင်လာ ကြရန်နှင့်ကာကွယ် ဆေးထိုးနှံမှု အောင်မြင်စေရန် အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်တို့ကို အသိပညာပေး နှိုးဆော်တိုက် တွန်းခဲ့ ကြောင်းသိရှိရသည်။
သရက်ချောင်း ( ပြန် / ဆက် )