လှိုင်းဘွဲ အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ် နိုင်ရန်အတွက် စတုတ္ထအသုတ်(ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို လှိုင်းဘွဲ မြို့နယ်အောင်ဆန်းခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စောငြိမ်းထွန်းမှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးလာရောက်ထိုးနှံသူများအား နှာခေါင်းစည်းများတပ်ဆင် ခြင်း၊ လက်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင် ပမာဏတိုင်းတာပေးခြင်း စသည်တို့ကို ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပြည်သူ များအနေဖြင့် ထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း (၃၇၂၀)ဦးရှိပြီဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)