လှိုင်းဘွဲ အောက်တိုဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် နှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာ ဖြင့်အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မိဘပြည်သူများအနေဖြင့် မိမိတို့အိမ်အတွင်း၌သာနေထိုင်ကြရန် ၊ပြင်ပမှလာသောဧည့်သည်များ လက်မခံကြရန်၊အခြားသူများထံသို့သွားရောက်လည်ပတ်ခြင်းမပြုရန်၊ မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များကိုစနစ်တကျတပ်ဆင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာအောင်စနစ်တကျဆေးကြောကြရန်၊ မိမိတို့၌ရောဂါပိုးကူး စက်သည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားကြရန် စသည့် အချက်များကို ပိုးကရင်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ရပ်ကွက်များအတွင်းလှည့်လည်၍ အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)